တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - ဟင်းလျာများထဲမှ တရုတ်နိုင်ငံအကြောင်း လေ့လာခြင်း (အပိုင်း - ၅)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-24 18:02:19


ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။

 

WeChat Image_20211104132529.jpg


တရုတ်ဟင်းလျာများသည် ကမ္ဘာနှင့်အဝှမ်း ကျော်ကြားပြီး ကမ္ဘာ့ဟင်းလျာတွဲ သုံးတွဲအနက်မှ တစ်တွဲ ဖြစ်ပါသည်။ ဟင်းအမယ်များပြား၍ အရသာ အမျိုးမျိုးရှိကာ ရာသီနှင့်အလိုက် ကိုက်ညီရပြီး အရောင်အဆင်း၊ အနံ့၊ အရသာ၊ ပုံပန်းသဏ္ဌာန်တို့နှင့် ပြည့်စုံရပါသည်။ ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ စိစစ်မှုရှိခြင်း၊ ဓားကိုင်ပုံ အနုစိတ်ခြင်း၊ မီးအချိန်အဆ တိကျမှုရှိခြင်း စသဖြင့် တရုတ်ဟင်းလျာများ၏ အဆင့်မြင့်မှုနှင့် တရုတ်လူမျိုးများ၏ အစားအသောက် အယူအဆများကို မဖော်ပြထားသည့် နေရာဟူ၍ မရှိပေ။


ဤအစီအစဉ်သည် ရှဉ့်အလား မန်ဒရင်းငါးဟင်းလျာ၊ သုံးမျှင်ဟင်းလျာ၊ တရုတ်မုန်ညင်းဖြူစွပ်ပြုတ်၊ သိုး/ဆိတ်သားဟော့ပေါ့၊ ကြက်သွန်မြိတ်ပင်လယ်မျှော့ဟင်းလျာ အစရှိသည့် ဒေသအထင်ကရ တရုတ်ရိုးရာဟင်းလျာများကို ရွေးချယ်တင်ဆက်ထားပါသည်။ တရုတ်ဟင်းလျာများထဲတွင် ပါဝင်သည့် အစားအသောက်ယဉ်ကျေးမှု၊ အချက်အပြုတ်လက်ရာ၊ အမြင်အာရုံခံစားမှု အနုပညာနှင့် ရှည်ကြာသော သမိုင်းကြောင်းများကို တသီတတန်း အသွယ်သွယ် ဖော်ပြနေပြီး အစားအသောက်နောက်ကွယ်မှ သမိုင်းကြောင်းပုံပြင်များ၊ ဒေသအသွင်အပြင်နှင့် တရုတ်လူမျိုးများ၏ နေ့စဉ်လူမှုဘဝ ယဉ်ကျေးမှုထုံးစံများ၊ စားသောက်ပုံအလေ့အထနှင့် အစားအသောက် လက်ဆင့်ကမ်း အမွေဆက်ခံမှု စသဖြင့်တို့ကို ရှင်းလင်းဖော်ပြထားပါသည်။



သိုး/ဆိတ်သားဟော့ပေါ့


သိုး/ဆိတ်သားဟော့ပေါ့သည် ပေကျင်းနှင့် ပေကျင်းအနီးတစ်ဝိုက်ဒေသများတွင် ခေတ်စားသည့် ရိုးရာဟော့ပေါ့ ဖြစ်ပါသည်။ အဓိကပါဝင်ပစ္စည်းမှာ သိုး/ဆိတ်သားဖြစ်သောကြောင့် ဤကဲ့သို့ အမည်တွင်ခြင်း ဖြစ်သည်။ အမှန်မှာ ရိုးရာသိုး/ဆိတ်သားဟော့ပေါ့သည် သိုး/ဆိတ်သားအပြင် တရုတ်မုန်ညင်းဖြူ၊ ပဲပြား၊ ကြာဇံ အစရှိသည့် ပါဝင်ပစ္စည်းအစာများ တွဲဖက်မှုကိုလည်း ဂရုပြုရပါသည်။ 


WeChat Image_20211201145830.jpg


သုံးဆောင်ပုံအသေးစိတ်မှာ ပါဝင်ပစ္စည်းအစာကို ရေနွေးပွက်ပွက်ဆူအိုးထဲသို့ စိမ်လိုက်ပြီး ကျက်လာလျှင် ဆယ်ယူ၍ အချဉ်ရည်တို့ကာ မုန့်ဝိုင်းဖုတ်နှင့် တွဲဖက်သုံးဆောင်ရပါသည်။ သိုး/ဆိတ်သားဟော့ပေါ့သည် ပါဝင်ပစ္စည်း ပြင်ဆင်ရလွယ်ကူခြင်း၊ ချက်ပြုတ်သည့် အသုံးအဆောင်ပစ္စည်း လွယ်ကူအဆင်ပြေခြင်း၊ အရသာ လတ်ဆတ်ကောင်းမွန်ခြင်းတို့ကြောင့် ဆောင်းရာသီတွင် လူအများ၏ အကြိုက်နှစ်သက်ဆုံးသော အစားအစာ ဖြစ်သည်။