ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - ဗျတ်စောင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-22 19:02:03



ဗျတ်စောင်း၏ ငြိမ့်ညောင်းသာယာသော ဂီတသံစဉ်သည် သိမ်မွေ့နူးညံ့သော ခံစားမှုကို ပေးစွမ်းနိုင်ပါသည်။ ဗျတ်စောင်းသည် တရုတ်နိုင်ငံ ရှေးခေတ်အခါက တီထွင်ခဲ့သော (၇)ကြိုးတပ်ဂီတတူရိယာ ဖြစ်သည်။ ၂၀၁၆ ခုနှစ်၌ ဟူပေပြည်နယ် (Hubei) တွင် တူးဖော်တွေ့ရှိခဲ့သော ဗျတ်စောင်းသည် ရှေးဟောင်းသုတေသီများ၏ အစောဆုံး ဗျတ်စောင်းရှာဖွေတွေ့ရှိမှု ဖြစ်ပြီး ယင်းဗျတ်စောင်းသည် ကျိုးခေတ်(Zhou)အထိ သမိုင်းခြေရာခံနိုင်ပါသည်။ ဗျတ်စောင်းသည် ရှေးခတ်စာပေပညာရှင်များ၏ မြတ်နိုးတန်ဖိုးထားသောအရာ ဖြစ်သည်။ ချွန်ချူခေတ်အခါက စောင်းမိတ်ဆွေပုံပြင် “The High Mountains and Flowing Water” သည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ပျံ့နှံ့လာခဲ့သော အထင်ကရ ဇာတ်ကြောင်းပုံပြင်တစ်ပုဒ် ဖြစ်သည်။