ဒြပ်မဲ့ယဉ်ကျေးမှုဗီဒီယို - တရုတ်စာလုံးထွင်းပုံနှိပ်ပညာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-03-23 19:03:47



တရုတ်စာလုံးထွင်းပုံနှိပ်ပညာသည် ထန်ခေတ်(Tang)တွင် စတင်ခဲ့ပြီး စုန့်ခေတ် (Song) တွင် ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ မင်ခေတ် (Ming) ၊ ချင်းခေတ် (Qing) တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ယင်းပညာသည် တူးမြောင်းယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးမြို့တော်ယဉ်ကျေးမှုတို့ကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ တရုတ်စာလုံးထွင်းပုံနှိပ်ပညာသည် တရုတ်နိုင်ငံ၏ စက္ကူပြုလုပ်ခြင်း၊ မင်ရည်ပြုလုပ်ခြင်း၊ ပန်းပုထွင်းခြင်း၊ ပုံတူကူးခြင်း အစရှိသည့် ရှေးရိုးရာ လက်မှုပညာများကို စုစည်းထားသဖြင့် ယင်းပညာကို ပုံတူကူးယူခြင်းသမိုင်း၏ “သက်ရှိရုပ်ကြွင်း” ဟူ၍ တင်စားကြသည်။