တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - ဟင်းလျာများထဲမှ တရုတ်နိုင်ငံအကြောင်း လေ့လာခြင်း (အပိုင်း - ၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-03 17:21:18


ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။


WeChat Image_20211104132529.jpg


တရုတ်ဟင်းလျာများသည် ကမ္ဘာနှင့်အဝှမ်း ကျော်ကြားပြီး ကမ္ဘာ့ဟင်းလျာတွဲ သုံးတွဲအနက်မှ တစ်တွဲ ဖြစ်ပါသည်။ ဟင်းအမယ်များပြား၍ အရသာ အမျိုးမျိုးရှိကာ ရာသီနှင့်အလိုက် ကိုက်ညီရပြီး အရောင်အဆင်း၊ အနံ့၊ အရသာ၊ ပုံပန်းသဏ္ဌာန်တို့နှင့် ပြည့်စုံရပါသည်။ ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ စိစစ်မှုရှိခြင်း၊ ဓားကိုင်ပုံ အနုစိတ်ခြင်း၊ မီးအချိန်အဆ တိကျမှုရှိခြင်း စသဖြင့် တရုတ်ဟင်းလျာများ၏ အဆင့်မြင့်မှုနှင့် တရုတ်လူမျိုးများ၏ အစားအသောက် အယူအဆများကို မဖော်ပြထားသည့် နေရာဟူ၍ မရှိပေ။


ဤအစီအစဉ်သည် ရှဉ့်အလား မန်ဒရင်းငါးဟင်းလျာ၊ သုံးမျှင်ဟင်းလျာ၊ တရုတ်မုန်ညင်းဖြူစွပ်ပြုတ်၊ ဆိတ်သားဟော့ပေါ့၊ ကြက်သွန်မြိတ်ပင်လယ်မျှော့ဟင်းလျာ အစရှိသည့် ဒေသအထင်ကရ တရုတ်ရိုးရာဟင်းလျာများကို ရွေးချယ်တင်ဆက်ထားပါသည်။ တရုတ်ဟင်းလျာများထဲတွင် ပါဝင်သည့် အစားအသောက်ယဉ်ကျေးမှု၊ အချက်အပြုတ်လက်ရာ၊ အမြင်အာရုံခံစားမှု အနုပညာနှင့် ရှည်ကြာသော သမိုင်းကြောင်းများကို တသီတတန်း အသွယ်သွယ် ဖော်ပြနေပြီး အစားအသောက်နောက်ကွယ်မှ သမိုင်းကြောင်းပုံပြင်များ၊ ဒေသအသွင်အပြင်နှင့် တရုတ်လူမျိုးများ၏ နေ့စဉ်လူမှုဘဝ ယဉ်ကျေးမှုထုံးစံများ၊ စားသောက်ပုံအလေ့အထနှင့် အစားအသောက် လက်ဆင့်ကမ်း အမွေဆက်ခံမှု စသဖြင့်တို့ကို ရှင်းလင်းဖော်ပြထားပါသည်။



မုန်ညင်းချဉ်ခြောက်ဝက်သားနှပ်ဟင်းလျာ


ရှေ့တစ်ပတ် အစီအစဉ်၌ တရုတ်ဟင်းလျာတံခါးမကြီးကို ဖွင့်လှစ်လိုက်ပြီးဖြစ်ပြီး ယခုတစ်ခေါက်တွင် တရုတ်လူမျိုးမိသားစုအိမ်သို့ ဧည့်သည်အဖြစ် သွားရောက်လည်ပတ်မည် ဖြစ်ပါသည်။ ယန်ဇီမြစ်အောက်ပိုင်းဒေသတွင် အမြဲလိုလို ချက်စားလေ့ရှိသည့် အိမ်ဟင်းလျာတစ်မျိုး ရှိပါသည်။ ၎င်းမှာ ဆီရွှဲရွှဲနှင့် ချိုမွှေးသော ဝက်သုံးထပ်သားက အဓိကဇာတ်လိုက် မဟုတ်ဘဲ မည်းမည်းမှောင်မှောင်နှင့် အမြင်မလှသည့် ဟင်းရွက်က ဟင်းပွဲ၏ အဓိကအသက်ဖြစ်နေသည့် မုန်ညင်းချဉ်ခြောက်ဝက်သားနှပ်ဟင်းလျာပင် ဖြစ်ပါသည်။