တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - ဟင်းလျာများထဲမှ တရုတ်နိုင်ငံအကြောင်း လေ့လာခြင်း (အပိုင်း - ၁)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-10-27 18:35:34


ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။




မိတ်ဆက်အကျဉ်း


တရုတ်ဟင်းလျာများသည် ကမ္ဘာနှင့်အဝှမ်း ကျော်ကြားပြီး ကမ္ဘာ့ဟင်းလျာတွဲ သုံးတွဲအနက်မှ တစ်တွဲ ဖြစ်ပါသည်။ ဟင်းအမယ်များပြား၍ အရသာ အမျိုးမျိုးရှိကာ ရာသီနှင့်အလိုက် ကိုက်ညီရပြီး အရောင်အဆင်း၊ အနံ့၊ အရသာ၊ ပုံပန်းသဏ္ဌာန်တို့နှင့် ပြည့်စုံရပါသည်။ ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ စိစစ်မှုရှိခြင်း၊ ဓားကိုင်ပုံ အနုစိတ်ခြင်း၊ မီးအချိန်အဆ တိကျမှုရှိခြင်း စသဖြင့် တရုတ်ဟင်းလျာများ၏ အဆင့်မြင့်မှုနှင့် တရုတ်လူမျိုးများ၏ အစားအသောက် အယူအဆများကို မဖော်ပြထားသည့် နေရာဟူ၍ မရှိပေ။


WeChat Image_20211027105714.jpg


ဤအစီအစဉ်သည် ရှဉ့်အလား မန်ဒရင်းငါးဟင်းလျာ၊ သုံးမျှင်ဟင်းလျာ၊ တရုတ်မုန်ညင်းဖြူစွပ်ပြုတ်၊ ဆိတ်သားဟော့ပေါ့၊ ကြက်သွန်မြိတ်ပင်လယ်မျှော့ဟင်းလျာ အစရှိသည့် ဒေသအထင်ကရ တရုတ်ရိုးရာဟင်းလျာများကို ရွေးချယ်တင်ဆက်ထားပါသည်။ တရုတ်ဟင်းလျာများထဲတွင် ပါဝင်သည့် အစားအသောက်ယဉ်ကျေးမှု၊ အချက်အပြုတ်လက်ရာ၊ အမြင်အာရုံခံစားမှု အနုပညာနှင့် ရှည်ကြာသော သမိုင်းကြောင်းများကို တသီတတန်း အသွယ်သွယ် ဖော်ပြနေပြီး အစားအသောက်နောက်ကွယ်မှ သမိုင်းကြောင်းပုံပြင်များ၊ ဒေသအသွင်အပြင်နှင့် တရုတ်လူမျိုးများ၏ နေ့စဉ်လူမှုဘဝ ယဉ်ကျေးမှုထုံးစံများ၊ စားသောက်ပုံအလေ့အထနှင့် အစားအသောက် လက်ဆင့်ကမ်း အမွေဆက်ခံမှု စသဖြင့်တို့ကို ရှင်းလင်းဖော်ပြထားပါသည်။


WeChat Image_20211027105730.jpg



ရှဉ့်အလား မန်ဒရင်းငါးဟင်းလျာ


တရုတ်လူမျိုးအိမ်ရှင်များက နိုင်ငံခြားသားဧည့်သည်များကို ဖိတ်ခေါ်ဧည့်ခံ ကျွေးမွေးသောအခါတွင် ရှဉ့်အလား မန်ဒရင်းငါးဟင်းလျာကို ချက်ကျွေးလေ့ရှိပါသည်။ မန်ဒရင်းငါးအရှင်သည် တရုတ်စားဖိုမှူး၏ ဓားသွားအောက်တွင် အရိုးထုတ်၊ လှီးမွှန်းပုံဖော်၊ ဆီကြော်ချက်ပြုတ် အဆင့်ဆင့် ဖြတ်ကျော်ရပါသည်။ ငါး၏ အပေါ်ယံအရေခွံ ကြွပ်လာလျှင် ငါးပူပူနွေးနွေးကို ပန်းကန်ထဲထည့်ပြီး ချိုချဉ်အရည်လေး ဆမ်းလိုက်သောအခါ အရှင်လတ်လတ်ငါးမှာ ကြည့်လိုက်လျှင် ခုန်ပေါက်နေသည့် ရှဉ့်၏ အမြီးနှင့် တူနေပေသည်။ အကယ်၍ ရှဉ့်အလား မန်ဒရင်းငါးဟင်းလျာကို ကြိုက်နှစ်သက်သွားပါက သင်သည် တရုတ်ဟင်းလျာတံခါးမကြီးကို စတင်ဖွင့်လိုက်မိပြီ ဖြစ်ပါသည်။


WeChat Image_20211027105743.jpg

WeChat Image_20211027105748.jpg