တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - အများအကျိုးရွက်သယ်ပိုး သမားတော်တို့နှလုံး တရုတ်တိုင်းရင်းဆေးပညာအကြောင်းတစေ့တစောင်း - နိဂုံးချုပ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-27 17:12:05


ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။



တရုတ်တိုင်းရင်းဆေးပညာသည် တရုတ်တိုင်းရင်းဆေးဝါး၊ အပ်စိုက်မီးကင်ကုထုံး၊ ပွတ်သပ်နှိပ်နယ်ခြင်းကုထုံး၊ စုပ်ခွက်ကုထုံး၊ အသက်ရှူလေ့ကျင့်ခန်း ချိကုန်း(Qigong)ပညာ၊ အစားအစာကုထုံး အစရှိသည့် ကုထုံးများစွာတို့ဖြင့် လူ့ခန္ဓာကိုယ်၏ အနွေးဓာတ်နှင့် အအေးဓာတ်ကို သင့်တင့်မျှတစေပြီး ပြန်လည်ကျန်းမာ ကောင်းမွန်လာစေပါသည်။ ၂၀၁၈ ခုနှစ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် ကမ္ဘာနှင့်အဝှမ်း လွှမ်းမိုးသက်ရောက်မှုရှိသည့် ဆေးပညာကောက်နှုတ်ချက်မှတ်တမ်းတွင် တရုတ်တိုင်းရင်းဆေးပညာကို ထည့်သွင်းခဲ့ပြီး တစ်ကမ္ဘာလုံးရှိ နိုင်ငံများနှင့် နေရာဒေသ အများအပြားတို့တွင် တုံ့ပြန်ချက်ကောင်းများနှင့် ချီးမွမ်းမှုများကို တစ်ခဲနက် ရရှိခဲ့ပါသည်။



ယခုဟောပြောပွဲအစီအစဉ်သည် ဆောင်းတွင်းရောဂါ နွေအခါကုသခြင်း၊ အပ်စိုက်မီးကင်ကုသခြင်း၊ တရုတ်တိုင်းရင်းဆေး၊ အလှအပရေးရာနှင့် အသားအရေထိန်းသိမ်းခြင်း အကြောင်းအရာများမှတစ်ဆင့် တရုတ်တိုင်းရင်းဆေး၏ ကယ်ဆယ်ကုသရေးဆိုင်ရာ သိပ္ပံနည်းကျလက်တွေ့လုပ်ဆောင်မှု အကြောင်းကိစ္စရပ်များကို အသက်ဝင်စွာ တင်ဆက်ဖော်ပြခဲ့ပြီး တရုတ်တိုင်းရင်းဆေးပညာ၏ နှစ်ထောင်ချီသမိုင်းရှိသော ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မှု အတွေးအမြင်သဘောတရားများကို ဖော်ထုတ်တင်ပြခဲ့ပါသည်။ ယနေ့တွင် တရုတ်တိုင်းရင်းဆေးပညာသည် တရုတ်နိုင်ငံ၌သာမက ကမ္ဘာတွင်လည်း အဆက်မပြတ် တိုးတက်ဖွံ့ဖြိုးနေဆဲပင် ဖြစ်၍ အကျိုးတူ လူသားကျန်းမာရေး အသိုက်အဝန်း တည်ဆောက်ရေးအတွက် ရှိသင့်ရှိထိုက်သော လုပ်ဆောင်ချက် အသုံးဝင်မှုများကို စွမ်းဆောင်ပေးလျက်ရှိပါသည်။