တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - အများအကျိုးရွက်သယ်ပိုး သမားတော်တို့နှလုံး တရုတ်တိုင်းရင်းဆေးပညာအကြောင်းတစေ့တစောင်း - အလှအပရေးရာနှင့် အသားအရေထိန်းသိမ်းခြင်း
ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်တိုင်းရင်းဆေးပညာအလှအပရေးရာသည် တရုတ်တိုင်းရင်းဆေးပညာ အခြေခံသဘောတရားကို လမ်းညွှန်ပြသမှုအတွေးအမြင်အဖြစ် မှတ်ယူကာ လူ့ခန္ဓာကိုယ်သည် တစ်ခုနှင့်တစ်ခု ဆက်နွယ်၍ ရှင်သန်လည်ပတ်နေသည့် ယန္တရားကြီးတစ်ခု ဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ မျက်နှာအင်္ဂါရပ်များ၊ ဆံခြည်အမွေးအမှင်များ၊ လက်သည်းခြေသည်းများ စသည်တို့သည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသာ ဖြစ်သည်။ နေရာအစိတ်အပိုင်းတစ်ခုအား လှပစေလိုလျှင် ခန္ဓာကိုယ်တစ်ခုလုံး၏ အအေးဓာတ်နှင့် အနွေးဓာတ် မျှတစေရန်၊ ကိုယ်တွင်းကလီစာများ ပုံမှန်အနေအထားရှိစေရန်၊ ကြောမနှင့်ကြောထွေးများ ပိတ်ဆို့ဟန့်တားခြင်း မရှိစေရန်နှင့် သွေးလေလည်ပတ်မှုကောင်းစေရန် ဦးစွာ ဂရုပြုလုပ်ဆောင်ရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် လူ့ခန္ဓာကိုယ်၏ အလုပ်လုပ်ဆောင်မှုအနေအထားကို ထိန်းညှိပေးပြီး ခန္ဓာကိုယ် ခုခံစွမ်းအားကို မြင့်တက်စေကာ အမဲစက်ဖယ်ရှားပေးခြင်း၊ ဝက်ခြံဖုပျောက်ကင်းစေခြင်း၊ အသားအရေ ထိန်းသိမ်းပေးခြင်း စသည့် စွမ်းဆောင်မှုများကို ရရှိစေပါသည်။





