တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - အများအကျိုးရွက်သယ်ပိုး သမားတော်တို့နှလုံး တရုတ်တိုင်းရင်းဆေးပညာအကြောင်းတစေ့တစောင်း - တရုတ်တိုင်းရင်းဆေး

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-13 19:49:50


ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။


တရုတ်တိုင်းရင်းဆေး၏ တိုးတက်ဖွံ့ဖြိုးမှုသမိုင်းသည် နှစ်ထောင်ချီကြာ သက်တမ်းရှိပါသည်။ သိရှိပြီးသော ဆေးဝါးဗဟုသုတများနှင့် ကုသမှုအတွေ့အကြုံများကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် နှုတ်ဖြင့် သင်ကြားပို့ချရာတွင် ရှေးလူများသည် နောင်လာနောက်သားများ ပို၍ အမှတ်ရနိုင်စေရန် ဆေး၏ ဂုဏ်သတ္တိကို သင်ကြားပေးရုံသာမက ဆေးရှာဖွေတွေ့ရှိမှုဖြစ်စဉ်နှင့် သက်ဆိုင်ရာ အတွေ့အကြုံများကိုပါ အတူတကွ ပြောပြပေးလေ့ရှိသည်။ အမျိုးမျိုးသော တရုတ်တိုင်းရင်းဆေးများ၏ ဆေးအမည်၊ အခြားအခေါ်အဝေါ်၊ ဂုဏ်သတ္တိ၊ အာနိသင်၊ အသုံးပြုမှု၊ အသုံးပြုပုံ၊ သုံးစွဲမှုပမာဏနှင့် သတိပြုရန် အချက်များ စသည်တို့ကို အသေးစိတ် မိတ်ဆက်ပေးပါသည်။ အချိန်ကြာမြင့်စွာ လက်ဆင့်ကမ်းပျံ့နှံ့လာခဲ့ရင်း စဉ်ဆက်မပြတ် တိုးတက်ပွားများလာရာမှ ပေါ်ထွက်လာခဲ့သော ဒဏ္ဍာရီပုံပြင်များသည် တရုတ်တိုင်းရင်းဆေးလုပ်ငန်း၏ အမွေလက်ဆင့်ကမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်လုပ်ဆောင်မှုများအပေါ် အကျိုးသက်ရောက်မှုကောင်းများ ဖြစ်ပေါ်လာစေခဲ့ပါသည်။  


WeChat Image_20210812150435.jpg