တရုတ်ယဉ်ကျေးမှု အွန်လိုင်းဆွေးနွေးပွဲ - ရိုးရာပေကျင်းအော်ပရာဇာတ်နှင့် ခေတ်သစ်ဘဲလေးအက (အပိုင်း - ၄)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-14 15:51:42


ဗီဒီယိုများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20220714095126.png


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်ယဉ်ကျေးမှု အွန်လိုင်းဆွေးနွေးပွဲ - ရိုးရာပေကျင်းအော်ပရာဇာတ်နှင့် ခေတ်သစ်ဘဲလေးအက” အစီအစဉ်ကို မိတ်ဆက်ကာ ဗဟုသုတအကြောင်းအရာများ ပို့ချချက်နှင့် အနုပညာ ကြည့်ရှုခံစားမှုများကို ပေါင်းစပ်ထားသည့် အသွင်ပုံစံဖြင့် ထူးခြားပြောင်မြောက်လှသည့် အနုပညာဆွေးနွေးပို့ချမှု ကဏ္ဍ (၂) ခုကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။


ပေကျင်းအော်ပရာဇာတ် အနုပညာခံစားအကဲဖြတ်မှု (၄)


ပေကျင်းအော်ပရာဇာတ် အနုပညာခံစားအကဲဖြတ်မှု (၅)


“ပေကျင်းအော်ပရာဇာတ် အနုပညာခံစားအကဲဖြတ်မှု” အကြောင်းအရာကို နိုင်ငံတော် ပထမတန်းစားအဆင့် သရုပ်ဆောင်၊ ပေကျင်းအော်ပရာဇာတ် အနုပညာရှင် ကျန်းကျန့်ကော် (Zhang Jianguo) မှ ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။ ယခုအပတ်တွင် ပြသမည့် ဗီဒီယို၌ ပေကျင်းအော်ပရာဇာတ်၏ ထုံးညီစံကျဖြစ်မှုနှင့် ပေကျင်းအော်ပရာဇာတ် အနုပညာ၏ ယေဘုယျအနှစ်ချုပ်ဖော်ပြချက်များကို ရှင်းလင်းပို့ချထားရုံသာမက ထူးခြားပြောင်မြောက်သည့် ဇာတ်ကွက်များကို တွဲဖက်ပေါင်းစပ်ထားခြင်းများမှတစ်ဆင့် ပေကျင်းအော်ပရာဇာတ် သရုပ်ဖော်တင်ဆက်မှု၏ အနုပညာစံစနစ်နှင့်တကွ နှစ်ပေါင်း (၂၀၀)ကျော် သက်တမ်းကြာရှည်နေပြီ ဖြစ်သည့်တိုင် သက်ဝင်တက်ကြွနေဆဲဖြစ်ရသည့် အကြောင်းရင်းများကို ထုတ်ဖော်ပြသထားသည်။ ပေကျင်းအော်ပရာဇာတ်အနုပညာသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်တို့၏ အဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်ဝိသေသလက္ခဏာဆောင် သရုပ်ဖော်တင်ဆက်မှုစနစ်အဖြစ် ဖြစ်လာစေပြီး အမှန်တကယ်ပင် နာမည်ဂုဏ်ပုဒ်နှင့် ကိုက်ညီသော “တရုတ်နိုင်ငံ၏ ဖန်တီးမှု” ဖြစ်ခြင်းများကို ဖော်ပြထားသည်။



တရုတ်ပြည်၏ ဘဲလေးအက (၄)


“တရုတ်ပြည်၏ ဘဲလေးအက” အကြောင်းအရာကို ဗဟိုဘဲလေးကဇာတ်အဖွဲ့ ဒါရိုက်တာနှင့် အနုပညာဒါရိုက်တာဖြစ်သူ ဖုန်ယင်း (Feng Ying) မှ ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။ ယခုအပတ်တွင် ပြသမည့် ဗီဒီယို၌ တရုတ်ဘဲလေးအကအနုပညာနှင့် တရုတ်ယဉ်ကျေးမှုတို့၏ ပေါင်းစပ်ရောယှက်လာမှုများကို မိတ်ဆက်ကာ “မြစ်ဝါမြစ်”၊ “ယိမုန်(Yimeng)” အစရှိသည့် အစီအစဉ်များ၏ ထူးခြားပြောင်မြောက်သည့် ဇာတ်ကွက်များကို တွဲဖက်ပေါင်းစပ်ထားခြင်းမှတစ်ဆင့် တရုတ်ဘဲလေးအကအနုပညာရှင်များ၏ လွတ်လပ်ပွင့်လင်းသော အမူအသွင်၊ အပြန်အလှန် နားလည်လက်ခံပေးနိုင်စွမ်းရှိသော စိတ်သဘောထားများဖြင့် ဖန်တီးမှုများ ဖွံ့ဖြိုးတိုးတက်စေရေးကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်ပြီး တရုတ်ဘဲလေးအကအား ကမ္ဘာတစ်ဝှမ်းသို့ လျှောက်လှမ်းနိုင်ရန် ကြိုးပမ်းလုပ်ဆောင်၍ တရုတ်ဘဲလေးအက၏ သူမတူထူးခြားချက် ဆွဲဆောင်မှုများကို ထင်ရှားပေါ်လွင်စေသည်။