တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း သတ္တိစွမ်းပကား နှလုံးသားအလှတရား - တရုတ်ဝူရှူးသိုင်းပညာ၏ အရှိန်အဟုန်နှင့် အားမာန် (နိဒါန်း)
အရင်းအမြစ် - ထုတ်ပြန်ချိန် - 2022-11-05 15:10:04
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်ဝူရှူးသိုင်းပညာ (Wushu) သည် သမိုင်းကြောင်း ရှည်ကြာပြီး လူအများ၏ ထောက်ခံအားပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပါသည်။ ၎င်းသည် လုပ်သားပြည်သူတို့၏ ကာလရှည်ကြာသော လူမှုရေးရာ လက်တွေ့လုပ်ဆောင်မှုများမှ အဆက်မပြတ် စုစည်းဖြစ်တည်လာသည့် အဖိုးတန် ယဉ်ကျေးမှုအမွေအနှစ် တစ်ခုပင် ဖြစ်ပြီး တရုတ်နိုင်ငံတွင် နှစ်ပေါင်းထောင်ချီကြာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။
တရုတ်ဝူရှူးသိုင်းပညာသည် ထူးခြားချက်များရှိသော အမျိုးသားရေးဆိုင်ရာ ရိုးရာအားကစားတစ်ရပ် ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံကို ကမ္ဘာသိစေသည့် ယဉ်ကျေးမှုအမှတ်သင်္ကေတ တစ်ခုလည်း ဖြစ်ပေသည်။