တရုတ်ယဉ်ကျေးမှု အွန်လိုင်းဆွေးနွေးပွဲ - ရိုးရာပေကျင်းအော်ပရာဇာတ်နှင့် ခေတ်သစ်ဘဲလေးအက (အပိုင်း - ၃)
ဗီဒီယိုများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်ယဉ်ကျေးမှု အွန်လိုင်းဆွေးနွေးပွဲ - ရိုးရာပေကျင်းအော်ပရာဇာတ်နှင့် ခေတ်သစ်ဘဲလေးအက” အစီအစဉ်ကို မိတ်ဆက်ကာ ဗဟုသုတအကြောင်းအရာများ ပို့ချချက်နှင့် အနုပညာ ကြည့်ရှုခံစားမှုများကို ပေါင်းစပ်ထားသည့် အသွင်ပုံစံဖြင့် ထူးခြားပြောင်မြောက်လှသည့် အနုပညာဆွေးနွေးပို့ချမှု ကဏ္ဍ (၂) ခုကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
ပေကျင်းအော်ပရာဇာတ် အနုပညာခံစားအကဲဖြတ်မှု (၃)
“ပေကျင်းအော်ပရာဇာတ် အနုပညာခံစားအကဲဖြတ်မှု” အကြောင်းအရာကို နိုင်ငံတော် ပထမတန်းစားအဆင့် သရုပ်ဆောင်၊ ပေကျင်းအော်ပရာဇာတ် အနုပညာရှင် ကျန်းကျန့်ကော် (Zhang Jianguo) မှ ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။ ဤဗီဒီယိုတွင် ပေကျင်းအော်ပရာဇာတ်၏ သရုပ်အသွင် ဖန်တီးပုံဖော်မှုများအပြင် ထူးခြားပြောင်မြောက်သည့် ဇာတ်ကွက်များကို တွဲဖက်ပေါင်းစပ်ထားခြင်းမှတစ်ဆင့် ရိုးရာပေကျင်းအော်ပရာဇာတ်၏ ဖျော်ဖြေတင်ဆက်မှု နည်းလမ်းပုံစံ၊ စင်မြင့်အနေအထားပုံစံနှင့် အဝတ်အစား အဆင်အယင်များ၏ တစ်မူထူးခြားသော ဆွဲဆောင်မှုများကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်ဖော်ပြထားသည်။
တရုတ်ပြည်၏ ဘဲလေးအက (၃)
“တရုတ်ပြည်၏ ဘဲလေးအက” အကြောင်းအရာကို ဗဟိုဘဲလေးကဇာတ်အဖွဲ့ ဒါရိုက်တာနှင့် အနုပညာဒါရိုက်တာဖြစ်သူ ဖုန်ယင်း (Feng Ying) မှ ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။ ဤဗီဒီယိုတွင် အနုပညာအရည်အချင်း ပြည့်ဝ၍ ထူးချွန်ကျွမ်းကျင်သူများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးခြင်းများအပြင် “ဒဏ္ဍာရီထဲက ဘဲလေးအက - အရောင်ကိုးသွယ်သမင်”၊ “ကြိုးကြာခေါ်သံ”၊ “တွန်းဟွမ်”(Dunhuang) အစရှိသည့် ရင်သပ်ရှုမောဖွယ် တင်ဆက်မှုပြကွက်များကိုပါ မိတ်ဆက်ကာ တရုတ်ဘဲလေးအက၏ ခံစားမှုရသနှင့် တရုတ်ဘဲလေးအက၏ အနာဂတ်အကြောင်းအရာများကို ပိုမိုများပြားပြည့်စုံစွာ ဖော်ပြထားသည်။