တရုတ်ယဉ်ကျေးမှု အွန်လိုင်းဆွေးနွေးပွဲ - ရိုးရာပေကျင်းအော်ပရာဇာတ်နှင့် ခေတ်သစ်ဘဲလေးအက (အပိုင်း - ၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-30 16:41:00


ဗီဒီယိုများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်ယဉ်ကျေးမှု အွန်လိုင်းဆွေးနွေးပွဲ - ရိုးရာပေကျင်းအော်ပရာဇာတ်နှင့် ခေတ်သစ်ဘဲလေးအက” အစီအစဉ်ကို မိတ်ဆက်ကာ ဗဟုသုတအကြောင်းအရာများ ပို့ချချက်နှင့် အနုပညာ ကြည့်ရှုခံစားမှုများကို ပေါင်းစပ်ထားသည့် အသွင်ပုံစံဖြင့် ထူးခြားပြောင်မြောက်လှသည့် အနုပညာဆွေးနွေးပို့ချမှု ကဏ္ဍ (၂) ခုကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။


WeChat Image_20220623103940.png


ပေကျင်းအော်ပရာဇာတ် အနုပညာခံစားအကဲဖြတ်မှု (၂)


“ပေကျင်းအော်ပရာဇာတ် အနုပညာခံစားအကဲဖြတ်မှု” အကြောင်းအရာကို နိုင်ငံတော် ပထမတန်းစားအဆင့် သရုပ်ဆောင်၊ ပေကျင်းအော်ပရာဇာတ် အနုပညာရှင် ကျန်းကျန့်ကော် (Zhang Jianguo) မှ ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။ ယင်းဗီဒီယိုတွင် ရှင်းလင်းချက်များအပြင် ထူးခြားပြောင်မြောက်သည့် ဇာတ်ကွက်များကို တွဲဖက်ပေါင်းစပ်ထားခြင်းမှတစ်ဆင့် ပေကျင်းအော်ပရာဇာတ်၏ ဖြစ်တည်မှုအစ၊ သမိုင်းကြောင်း၊ ပြောင်းလဲလာမှု၊ ဂိုဏ်းခွဲများနှင့်တကွ ပေကျင်းအော်ပရာဇာတ်ပညာရှင် အကျော်အမော်၊ ဇာတ်ဆောင်အမျိုးအစား၊ ဇာတ်ကောင်ပုံစံနှင့် အဝတ်အစား အဆင်အယင် အစရှိသည်တို့အား ရှင်းလင်းပြောကြားထားသည်။ ရိုးရာပေကျင်းအော်ပရာဇာတ် သရုပ်ဖော်တင်ဆက်မှုများတွင် ပြည့်ပြည့်စုံစုံ ထည့်သွင်းပါရှိသော “ကျွမ်းကျင်မှုအတတ်ပညာ လေးမျိုးနှင့် နည်းလမ်းငါးသွယ်” တို့၏ သရုပ်ဖော်မှုပုံစံ အမျိုးမျိုးတို့ဖြင့် အစီအစဉ်တင်ဆက်မှုများကို ပုံဖော်တင်ဆက်သည့် ထူးခြားချက်များကို သက်ဝင်လှုပ်ရှားစွာ ပြသထားသည်။ 



တရုတ်ပြည်၏ ဘဲလေးအက (၂)


“တရုတ်ပြည်၏ ဘဲလေးအက” အကြောင်းအရာကို ဗဟိုဘဲလေးကဇာတ်အဖွဲ့ ဒါရိုက်တာနှင့် အနုပညာဒါရိုက်တာဖြစ်သူ ဖုန်ယင်း (Feng Ying) မှ ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။ ဗဟိုဘဲလေးကဇာတ်အဖွဲ့သည် ဂန္ထဝင် အနောက်တိုင်းဘဲလေးအကအနုပညာ အများအပြားကို အရည်အသွေးမြင့်မားစွာ သရုပ်ဖော်တင်ဆက်နိုင်သည့် တစ်ချိန်တည်းမှာပင် နှစ်ပေါင်း (၅၀၀၀)ကျော် သက်တမ်းရှိ တရုတ်ယဉ်ကျေးမှု၏ အနှစ်သာရများကိုလည်း စုစည်းရယူ ထည့်သွင်းပေါင်းစပ်ထားသည်။ အမြော်အမြင်ရှိမှုနှင့် စဉ်းစားတွေးခေါ်မှု စိတ်ကူးစိတ်သန်းများဖြင့် ဘဲလေးအကများကို ဖန်တီးတင်ဆက်ကာ ဂန္ထဝင်ဆန်မှုနှင့် ခေတ်သစ်ပုံစံ၊ လူမျိုးနှင့် ကမ္ဘာကြီးတို့အား ပေါင်းစပ်ရောယှက်ထားသည့် တရုတ်ဘဲလေးအကအနုပညာ ဖွံဖြိုးတိုးတက်မှုနှင့် ဖန်တီးပုံဖော်မှု လမ်းကြောင်းတစ်ခုကို အောင်မြင်စွာ ရှာဖွေထိုးဖောက်နိုင်ခဲ့သည်။


WeChat Image_20220630144627.png