တရုတ်ယဉ်ကျေးမှု အွန်လိုင်းဆွေးနွေးပွဲ - ရိုးရာပေကျင်းအော်ပရာဇာတ်နှင့် ခေတ်သစ်ဘဲလေးအက (အပိုင်း - ၁)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-23 15:14:59


ဗီဒီယိုများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ်ယဉ်ကျေးမှု အွန်လိုင်းဆွေးနွေးပွဲ - ရိုးရာပေကျင်းအော်ပရာဇာတ်နှင့် ခေတ်သစ်ဘဲလေးအက” အစီအစဉ်ကို မိတ်ဆက်ကာ ဗဟုသုတအကြောင်းအရာများ ပို့ချချက်နှင့် အနုပညာ ကြည့်ရှုခံစားမှုများကို ပေါင်းစပ်ထားသည့် အသွင်ပုံစံဖြင့် ထူးခြားပြောင်မြောက်လှသည့် အနုပညာဆွေးနွေးပို့ချမှု ကဏ္ဍ (၂) ခုကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။


WeChat Image_20220623103940.png


ပေကျင်းအော်ပရာဇာတ် အနုပညာခံစားအကဲဖြတ်မှု


“ပေကျင်းအော်ပရာဇာတ် အနုပညာခံစားအကဲဖြတ်မှု” အကြောင်းအရာကို နိုင်ငံတော် ပထမတန်းစားအဆင့် သရုပ်ဆောင်၊ ပေကျင်းအော်ပရာဇာတ် အနုပညာရှင် ကျန်းကျန့်ကော် (Zhang Jianguo) မှ ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။ ယင်းဗီဒီယိုတွင် ရှင်းလင်းချက်များအပြင် ထူးခြားပြောင်မြောက်သည့် ဇာတ်ကွက်များကို တွဲဖက်ပေါင်းစပ်ထားခြင်းမှတစ်ဆင့် ရိုးရာပေကျင်းအော်ပရာဇာတ်၏ ဖျော်ဖြေတင်ဆက်မှု နည်းလမ်းပုံစံ၊ စင်မြင့်အနေအထားပုံစံ၊ ဂိုဏ်းအသီးသီးတို့၏ သီဆိုပုံသံနေသံထားနှင့် အဝတ်အစား အဆင်အယင်များ၏ တစ်မူထူးခြားသော ဆွဲဆောင်မှုများကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်ဖော်ပြထားကာ မြန်မာပရိသတ်တို့အတွက် တရုတ်ယဉ်ကျေးမှုရိုးရာများကို ပိုမိုနားလည်သိရှိစေမည် ဖြစ်သည်။



တရုတ်ပြည်၏ ဘဲလေးအက


“တရုတ်ပြည်၏ ဘဲလေးအက” အကြောင်းအရာကို ဗဟိုဘဲလေးကဇာတ်အဖွဲ့ ဒါရိုက်တာနှင့် အနုပညာဒါရိုက်တာဖြစ်သူ ဖုန်ယင်း (Feng Ying) မှ ဆွေးနွေးပို့ချသွားမည် ဖြစ်ပါသည်။ ယင်းဗီဒီယိုတွင် ကမ္ဘာ့ဘဲလေးအကသမိုင်းကြောင်း၏ ရှုထောင့်အမြင်မှ တရုတ်ဘဲလေးအက၏ ဖြစ်တည်မှုအစနှင့် ဖွံ့ဖြိုးတိုးတက်လာမှုကို မိတ်ဆက်၍ ကိုယ်စားပြုနိုင်စွမ်းရှိသည့် ကဇာတ်တချို့ဖြင့် တရုတ်ဘဲလေးအက၏ လက်ရှိအခြေအနေကို ပရိသတ်များအား တင်ဆက်ပြသထားသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တရုတ်နှင့် အနောက်တိုင်းယဉ်ကျေးမှုပုံစံတို့၏ ဖလှယ်ဆက်ဆံရေးနှင့် ပေါင်းစပ်ရောနှောလာမှုများ စဉ်ဆက်မပြတ် ဖြစ်ပွားနေသည်ကို တွေ့မြင်နိုင်ပြီး တရုတ်ယဉ်ကျေးမှုများသည် ပွင့်လင်းမြင်သာမှုရှိပြီး အပြန်အလှန် နားလည်လက်ခံနိုင်စွမ်းရှိသည့် သဘောထားအမြင်ကို အမြဲမပြတ် ထိန်းသိမ်းထားရှိကာ တရုတ်ယဉ်ကျေးမှုနှင့် နိုင်ငံခြားယဉ်ကျေးမှုများ၏ ဖလှယ်ဆက်ဆံရေးနှင့် အပြန်အလှန်လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ် ဆက်လက်တွန်းအားပေး လုပ်ဆောင်သွားမည်ကို သိမြင်နိုင်ပါသည်။