တရုတ်အနုပညာ - သက်တံရောင်စဉ် ယူနန်မြေမှ "ဆုတောင်း"
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-02-25 16:25:00
ဆုတောင်း
ယူနန်ပြည်နယ် ကူမင်းမြို့ အမျိုးသားအဆိုအကပြဇာတ်ရုံ၏ တိုင်းရင်းသားအက “ဆုတောင်း” သည် ယူနန်ရှိ တိုင်းရင်းသားလူမျိုး (၂၆) မျိုး၏ တစ်မူထူးခြားသော ယဉ်ကျေးမှုအကြောင်းရပ်များနှင့် ရောနှောယှက်တင်ထားပြီး တိုင်(Dai)တိုင်းရင်းသားတို့၏ ဒေါင်းအက၊ ပိုင်(Bai)တိုင်းရင်းသားတို့၏ အဋ္ဌဂံဗုံအက၊ ရီ(Yi)တိုင်းရင်းသားတို့၏ မြူးမြူးကြွကြွအက စသည့် အကများနှင့် (၂၆) မျိုးသော တိုင်းရင်းသားတို့၏ အဝတ်အစား အဆင်တန်ဆာ အကြောင်းရပ်များ စသည်တို့ ပါဝင်ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ စည်ပင်သာယာဝပြောပြီး နှစ်နိုင်ငံပြည်သူများ ဘေးဘယာကင်းကွာ ကျန်းမာပျော်ရွှင်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းတင့်တယ်၍ လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။