တရုတ်အနုပညာ - ယူနန်ပြည်နယ် လားဟူ(Lahu) တိုင်းရင်းသားအက "နွေဦးရာသီ ပွင့်လန်းဝေစည်"
ဤဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
နွေဦးရာသီ ပွင့်လန်းဝေစည်
“ခင်းကျင်းတင်ဆက် နွေဦးနေ့ရက်၊ ပွင့်သစ်လန်းရွှင် မျှော်လင့်ချက်ရောင်ခြည်” ...... ယူနန်ပြည်နယ် ဖူးအာမြို့(Pu’er) လန်ချန်းလားဟူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုစင်တာနှင့် ကောင်တီယဉ်ကျေးမှုလုပ်ငန်းအဖွဲ့တို့မှ တင်ဆက်ထားသော “နွေဦးရာသီ ပွင့်လန်းဝေစည်” အကသည် လားဟူတိုင်းရင်းသား ရိုးရာကျေးလက်အကဖြစ်သော “ရွှင်မြူးဖွယ်ရာ သရုပ်ဖော်တင်ဆက်ပြသမှုအက”၏ အခြေခံအချက်များအပေါ် ဖန်တီးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းအကသည် လှပကြော့ရှင်းပြီး လုံ့လဝီရိယရှိ၍ ထက်မြက်သော လားဟူအမျိုးသမီးငယ်များ၏ မြူးတူးကခုန် သီဆိုပျော်ရွှင်နေကြသည့် ပျော်မြူးတက်ကြွဖွယ် မြင်ကွင်းကို ဖော်ပြထားပြီး ယူနန်ပြည်နယ် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးတို့၏ ဝမ်းမြောက်ကြည်နူး အားတက်သရောရှိမှုများ၊ စိတ်ဓာတ်ခွန်အား တက်ကြွရှင်သန်မှုများနှင့် အားလုံးစိတ်တူကိုယ်တူ လက်ချင်းယှက်၍ သာယာပျော်ရွှင်ဖွယ် ဌာနေရပ်ဝန်းမြေကို အတူတကွ တည်ဆောက်လိုသော ကောင်းမွန်သည့် စိတ်ဆန္ဒများကို ဖော်ပြနေပါသည်။