တရုတ်ရိုးရာပွဲတော်အက - "လော့မြစ်နတ်သမီးသို့ တမ်းချင်း"
“လော့မြစ်နတ်သမီးသို့ တမ်းချင်း”
လော့မြစ်စောင့်နတ်သမီးသည် တရုတ်နိုင်ငံ ချင်မင်းဆက်(Qin)ခေတ်မတိုင်မီကာလ၏ ဒဏ္ဍာရီပုံပြင်များမှ လော့မြစ်၏ မြစ်စောင့်ရေနတ်သမီးတစ်ပါးဖြစ်သည်။ ဤအစီအစဉ်တွင် အလှပြရေကူးချန်ပီယံမှ လော့မြစ်စောင့်နတ်သမီး အသွင်ဟန်အဖြစ် သရုပ်ဖော်ကာ အလှရသပြည့်ဝသော အကပြကွက်များဖြင့် တစ်မူထူးခြားသည့် အံ့ဩချီးကျူးဖွယ်ရာ တင်ဆက်မှုအပိုင်းကဏ္ဍတစ်ခုကို ဖော်ကျူးတင်ဆက်ထားပါသည်။
ပြကွက်များအားလုံးကို ရေအောက်ထဲတွင် ရိုက်ကူးထားခြင်းဖြစ်ပြီး တင်ဆက်သူအကမယ်သည် တရုတ်ရိုးရာအကပုံစံဖြင့် လှပတင့်တယ်စွာ ဖျော်ဖြေတင်ဆက်ထားသည်။ အင်္ကျီလက်ကိုယမ်းခါ၍ ခုန်လွှားသည့် အသွင်ဖြင့်တစ်ဖုံ၊ ဝတ်စုံဂါဝန်ကိုကိုင်၍ လှည့်ပတ်ကပြသည့် အသွင်ဖြင့်တစ်လှည့်၊ အားမာန်ပါ၍ တက်ကြွသည့် အသွင်ဖြင့်တစ်မျိုး၊ သိမ်မွေ့နူးညံ့၍ လှပကြော့မော့သည့် အသွင်ဖြင့်လည်းကောင်း သရုပ်ဖော်တင်ဆက်ထားသည်မှာ “ခုန်ပေါက်ပြေးလွှားနေသော ငန်းကဲ့သို့ ဟန်အမူအရာအနေအထား ပေါ့ပါးဖျတ်လတ်မှု၊ ကူးခတ်ရေကစားနေသော နဂါးကဲ့သို့ နူးညံ့သိမ်မွေ့မှု၊ ဆောင်းဦးဂန္ဓမာပန်းကဲ့သို့ မျက်နှာလန်းရွှင်တောက်ပမှု၊ နွေဦးအချိန်ကာလရှိ ထင်းရှုးပင်ကဲ့သို့ ကိုယ်နေဟန်ထား သန်စွမ်းမှု”များနှင့် ပြည့်စုံနေပေသည်။
“တရုတ်ရိုးရာပွဲတော်” ရုပ်သံမိတ်ဆက်