တရုတ်ရိုးရာပွဲတော်အက - "ထန်ခေတ်နန်းတွင်း ညခင်းဧည့်ခံပွဲ"

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-03-31 11:20:50


WeChat Image_20220331093746.jpg



“ထန်ခေတ်နန်းတွင်း ညခင်းဧည့်ခံပွဲ”


ဖြူစင်နုနယ်၍ ချစ်စဖွယ်ကောင်းသော ထန်မင်းဆက်(Tang)ခေတ်နန်းတွင်း အပျိုတော်လေးတစ်စု၏ မြူးကြွသော ရှေးခေတ်ဂီတသံစဉ်စည်းချက်များအလိုက် သိမ်မွေ့ညင်သာစွာ ကခုန်နေကြသည်မှာ ရှေးဟောင်းပန်းချီကားထဲမှ ထွက်လာသယောင်ပင်ဖြစ်ပြီး သင့်အား စည်ပင်ဝပြောသော ထန်မင်းဆက်ခေတ်ကြီးကို တစ်ဖန်ပြန်လည် ရောက်ရှိမြင်ယောင်စေကာ တော်ဝင်နန်းတွင်း ဧည့်ခံပွဲအခမ်းအနားကြီး တစ်ခုကို တက်ရောက်‌နေသည့်အလား ခံစား‌ရစေမည်ဖြစ်သည်။



စင်မြင့်နောက်ခံအပြင်အဆင်များမှာ မိန်းမပျိုရုပ်ပုံပန်းချီများမှစ၍ မင်ဖျန်း၍ ရေးဆွဲသော ရှုခင်းပန်းချီကားများအထိနှင့် ထိုမှတစ်ဖန် နောက်ဆုံးတွင် နန်းတော်တံတိုင်းများ မြေပြင်ထက်မှ မြင့်တက်လာသည်အထိပင် ရင်သပ်ရှုမော စိတ်လှုပ်ရှားဖွယ် အမြင်ခံစားမှုရသများသည် ကြည့်ရှုရသူအဖို့ အသည်းလှိုက်စေ၍ အဆိုပါနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေသည့်အလား ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပေသည်။