တရုတ်ရိုးရာပွဲတော်အက - "လုံမိန်ကျောက်လှိုဏ်ဂူ ဝဇီရာ"
“လုံမိန်ကျောက်လိုဏ်ဂူ ဝဇီရာ”
ဤအစီအစဉ်၏ စိတ်ကူးစိတ်သန်းသည် တရုတ်နိုင်ငံ လော့ရန် (Luoyang) ဒေသ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လုံမိန် (Longmen) ကျောက်လိုဏ်ဂူကို အခြေပြုအရင်းခံ၍ ပုံဖော်ကွန့်မြူး ဖန်တီးထားခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ် AR နည်းပညာဖြင့် ဗုဒ္ဓဘုရားရှင် (Locana Buddha)နှင့် ဝဇီရာ (Vajra) ဘုရားပုံတော်များကို ဒစ်ဂျစ်တယ်ပုံစံစနစ်အဖြစ် ပြန်လည်ဖော်ထုတ်ထားပြီး အကသမားများသည် ဒစ်ဂျစ်တယ်နည်း ပသာဒစုံ(multimedia)စနစ်ဖြင့် ဖန်တီးတည်ဆောက်ထားသည့် ကျောက်လိုဏ်ဂူအထွတ်အမြတ်နေရာအတွင်း ဖြတ်ကျော်သွားလာ၍ ဝဇီရာ(Vajra)၏ ကျင့်ကြံအားထုတ်မှု အဆင့်(၄)မျိုးဖြစ်သည့် ကြံ့ကြံ့ခိုင် ကျော်လွှားအောင်နိုင်ခြင်း၊ ရောဂါအဆိပ်ပေါင်းစုံ ကင်းဝေးနိုင်ခြင်း၊ အတုမရှိပြိုင်ဘက်ကင်း သန်မာခြင်း၊ ထာဝရရှင်သန်ခြင်း ဟူသော အစွမ်းပကားတို့ကို သင့်အား တွေ့မြင်ခံစားစေမည် ဖြစ်ပါသည်။
“မိုးနတ်ဒေဝတာ”နှင့် “ဝဇီရာ”တို့၏ အတူတကွ ကပြသည့် စွဲမက်ဖွယ် မြင်ကွင်းအလှကို စိတ်ကူးယဉ်အိပ်မက်သဖွယ် ကောင်းမွန်သော အမှတ်တရအဖြစ် သင့်အတွက် ချန်ရစ်ပေးခဲ့မည် ဖြစ်ပါသည်။