တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဆုတောင်း - "ပျော်ရွှင်မြူးဟန် ရေသဘင်တေးသံ" MV

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-09 15:17:07


ဗီဒီယိုနှင့် ဓာတ်ပုံများကို “တက်ဟုန်းယဉ်ကျေးမှုနှင့်ခရီးသွားလာရေး” မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



တရုတ်နိုင်ငံ ယူနန်တွင် နေထိုင်ကြသော တိုင်(Dai)တိုင်းရင်းသား၊ အာချန်(Achang)တိုင်းရင်းသား၊ ပုလန်(Blang)တိုင်းရင်းသား၊ ဝ(Wa)တိုင်းရင်းသား၊ တအာင်း(De'ang)တိုင်းရင်းသား အစရှိသည့် လူနည်းစုတိုင်းရင်းသားများတွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ စသည့် နိုင်ငံများကဲ့သို့ပင် ရေသဘင်ပွဲတော် ဆင်နွှဲသည့် ရိုးရာဓလေ့ ရှိပါသည်။ ပွဲတော်ကာလအတွင်း၌ အချင်းချင်း ရေပက်ဖျန်းကာ တောင်းဆုပြုပေးကြသည်။ ထို့အပြင် ဘုရားကန်တော့ခြင်း၊ နဂါးလှေလှော်ပြိုင်ခြင်း၊ ဗြောက်ဖောက်ခြင်း၊ မီးပုံးလွှတ်တင်ခြင်း စသည့် လှုပ်ရှားမှုများကို ကျင်းပကြပြီး ရောဂါဘေး၊ ကပ်ဘေးမှ ကင်းလွတ်၍ မိုးလေချိန်ခါမှန်စေရန်အတွက် ဆုတောင်းကြလေသည်။



ယခုကဲ့သို့ မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်များ ရောက်ရှိလာချိန်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ မြိုင်ဆိုင်မြူးကြွသည့် “ပျော်ရွှင်မြူးဟန် ရေသဘင်တေးသံ” ကို တင်ဆက်ပေးရင်း အားလုံးအား မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ဘေးဘယာကင်းကွာ ကျန်းမာပျော်ရွှင်ကာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆန္ဒမွန်ပြုအပ်ပါသည်။