ကဗျာများအတူ ရွတ်ဆိုလို့၊ ဆောင်းယဉ်စွန်းအလှ ခံစားစို့

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-12-21 18:10:56


ဗီဒီယိုကို China Daily နှင့် China Culture ဝက်ဘ်ဆိုဒ်တို့မှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။



ဆောင်းယဉ်စွန်းချိန် (Dong Zhi) သည် တရုတ်ရိုးရာရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ အရေးပါသော ရာသီချိန်တစ်ခုဖြစ်ပြီး တရုတ်အရပ်သား ပြည်သူလူထုများ၏ ဘိုးဘေးများကို ပူဇော်ကန်တော့သော ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်ပေသည်။ ဆောင်းယဉ်စွန်းချိန်သည် ဆောင်းဥတု၏ ပွဲတော်ကြီးတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရပြီး “ဆောင်းယဉ်စွန်းချိန်သည် နှစ်ကူးချိန်ခါအတိုင်းပင်” ဟူ၍ ပြောစမှတ်ပြုကြသည်။



ဆောင်းယဉ်စွန်းချိန်၏ ဓလေ့ထုံးတမ်းများသည် နေရာဒေသအလိုက် အကြောင်းအရာ သို့မဟုတ် အသေးစိတ်ကိစ္စရပ်များအပေါ်၌ ကွဲပြားမှုများ ရှိပါသည်။ တောင်ပိုင်းဒေသများတွင် ဆောင်းယဉ်စွန်းချိန်၌ ဘိုးဘေးများကို ပူဇော်ကန်တော့ခြင်း၊ ပွဲတည်ခင်းစားသောက်ခြင်း ဓလေ့များရှိပြီး မြောက်ပိုင်းဒေသများတွင် ဆောင်းယဉ်စွန်းချိန်၌ ဖက်ထုပ်စားသုံးသော ဓလေ့ရှိပါသည်။



တရုတ်နိုင်ငံ၏ ဆောင်းယဉ်စွန်းရာသီချိန်တွင် နက်ရှိုင်းသော ယဉ်ကျေးမှုအနှစ်သာရနှင့် သမိုင်းတန်ဖိုးများ ရှိပါသည်။ သမိုင်းခေတ်အဆက်ဆက်ရှိ စာပေသမား ကလောင်ရှင်များက ကဗျာလင်္ကာပုံစံဖြင့် ဆောင်းယဉ်စွန်းချိန်အကြောင်းကို ကြွေးကြော်ရွတ်ဆိုလေ့ရှိကာ ချမ်းအေးလှသည့် ရာသီဥတုတွင် ကဗျာခံစားချက်အလား ပန်းချီသရုပ်ဖော်မှုအလား  နှစ်လိုဖွယ်ရာ ခံစားမှုများနှင့် ပြည့်နှက်နေစေပါသည်။



ဆောင်းယဉ်စွန်းချိန် ရောက်ရှိ၍လာပါပြီ။ ကျွန်မတို့အားလုံးအတူ ဆောင်းယဉ်စွန်းချိန် ရှေးကဗျာများကို ရွတ်ဆိုပြီး ဤရာသီချိန်၏ အလှတရားများ၊ ရှေးလူများ၏ စိတ်နေခံစားချက်နှင့် စိတ်ဝင်စားမှုများကို ထိတွေ့ခံစားကြည့်လိုက်ကြပါစို့လားရှင့်။