ကျွန်ုပ်နှင့် တရုတ်နိုင်ငံ - အိပ်မက်ထဲက ရှန်ဂရီလာခရီး
ဗီဒီယိုအား ပြည်သူ့နေ့စဉ်သတင်းစာ အွန်လိုင်းသတင်းမီဒီယာစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ConstantinDe Slizewicz ဆိုသူ ပြင်သစ်နိုင်ငံသားတစ်ဦးသည် ယူနန်ပြည်နယ် ရှန်ဂရီလာ (Shangri-La) တွင် နေထိုင်လာခဲ့သည်မှာ အချိန်ကာလ (၁၀)နှစ်တာ ကြာမြင့်နေပြီဖြစ်သည်။ ဤနေရာတွင် သူသည် တိဗက်လူမျိုး ရိုးရာထူးခြားချက်များနှင့် ပြည့်စုံနေသော ဧည့်ရိပ်သာကို စိတ်ဝင်တစား ဇောက်ချလုပ်ကိုင်ခဲ့သည်။ ထို့အပြင် “Caravan Liotard” မြင်းစီးခရီးသွားအဖွဲ့ကို ဖွဲ့စည်းထူထောင်ပြီး မြင်းစီးခရီးသွားအဖွဲ့ပုံစံ ခရီးသွားလာရေးကို စူးစမ်းလေ့လာကာ ရှေးကျသော မြင်းစီးခရီးသွားအဖွဲ့ယဉ်ကျေးမှုကို ရှာဖွေခဲ့သည်။
သူသည် တိဗက်လူမျိုးများ၏ ဘဝနေထိုင်မှုပုံစံ၊ ခရီးသွားပုံစံနှင့် မိမိ၏ ဘဝနေထိုင်မှုပုံစံများကို သဘာဝဆန်ဆန် ပေါင်းစပ်ထားခြင်းသည် သူ၏ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု ထင်မြင်ယူဆမိသည်။ ဤသို့သော ဖြူစင်ရိုးရှင်း၊ ရိုးရိုးဖြောင့်ဖြောင့်ရှိသူများနှင့် အတူတကွ ဖြတ်သန်းနေထိုင်ခွင့်ရသည်မှာ သူ့အတွက် အလွန်ပင်ကံကောင်းလှသည်ဟု ခံစားရစေပါသည်။