ကျွန်ုပ်နှင့် တရုတ်နိုင်ငံ - အမေရိကန်လူငယ်လေး အမြင်ထဲရှိ သာယာလှပသည့် တရုတ်ပြည်မြေ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-23 17:54:09


ဗီဒီယိုအား ပြည်သူ့နေ့စဉ်သတင်းစာ အွန်လိုင်းသတင်းမီဒီယာစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



Ouyang Kai ဟူသော တရုတ်နာမည်တစ်ခုရှိသည့် အမေရိကန်လူငယ်လေးတစ်ဦးသည် တရုတ်နိုင်ငံ၌ စွန့်စားခရီးသွားနေသည်မှာ အချိန်(၅)နှစ်တာ ရှိနေပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ ရှုမျှော်ခင်း၊ ယဉ်ကျေးမှုနှင့် လူမှုအခြင်းအရာများက သူ့အား ဤနေရာကို နှစ်သက်မြတ်နိုးစေခဲ့သည်။ တရုတ်နိုင်ငံ၏ အကွက်စေ့ထောင့်စေ့ နေရာတကာတို့၌ အခြင်းအရာအသစ်များ ရှိနေတတ်ပြီး ကိုယ်တစ်ချက်လေး အလှည့်တွင်ပင် ရှာဖွေမှုအသစ်တို့ကို တွေ့ရှိရတတ်သည်ဟု “သူ”က ထင်မြင်ယူဆမိပါသည်။ ဤသည်မှာလည် တရုတ်နိုင်ငံက သူ့အား ဆွဲဆောင်နေသည့် အချက်ပင်ဖြစ်သည်။



Ouyang Kai တွေ့မြင်ခဲ့ရသော၊ သိရှိခဲ့ရသော တရုတ်ပြည်ကြီးသည် တုနှိုင်းဖွယ်ရာမရှိ သာယာလှပပေသည်။ ယခုအချိန်တွင် သူအလုပ်ချင်ဆုံးသောအရာမှာ ကင်မရာဖြင့် ယင်းတို့အား မျှဝေခံစားပြီး သူ၏ကင်မရာရိုက်ချက်များဖြင့် ကမ္ဘာတစ်ဝှမ်း နေရာဒေသအသီးသီးရှိ လူတို့အား စစ်မှန်သော သာယာလှပသည့် တရုတ်ပြည်ကြီး အကြောင်းကို သိရှိနားလည်စေလိုခြင်းပင်ဖြစ်သည်။