ကျွန်ုပ်နှင့် တရုတ်နိုင်ငံ - ရပ်ဝေးမှ နိုင်ငံခြားဧည့်သည်များအတွက် “ဝါးကျည်တောက်ထမင်း”ဖြင့် တည်ခင်းဧည့်ခံခြင်း
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-16 18:40:28
ဗီဒီယိုအား ပြည်သူ့နေ့စဉ်သတင်းစာ အွန်လိုင်းသတင်းမီဒီယာစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဝါးသည် တရုတ်လူမျိုးများ၏ ချစ်ခင်နှစ်သက်မှုကို အစဉ်တစိုက်ခံခဲ့ရပြီး မြင့်မားသော အကျင့်စာရိတ္တ၊ မွန်မြတ်သော ကိုယ်ကျင့်တရား ဟူသော အနက်အဓိပ္ပာယ်ရှိသည်။ ဝါးဖြင့် ချက်လုပ်ထားသော ဝါးကျည်တောက်ထမင်းသည် ယဉ်ကျေးမှုအမွေအနှစ် အနှစ်သာရများနှင့် ပြည့်ဝသော အစိမ်းရောင်အစားအစာ၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေမှုရှိသော အစားအစာလည်း ဖြစ်ပေသည်။
ဝါးကျည်တောက်ကို ထက်ခြမ်းခွဲ၍ ဝါးစက္ကူပါးအလွှာဖြင့် ထမင်းကို ထုပ်ထားသည်မှာ နူးညံ့မွှေးကြိုင်နေပြီး စားချင်စဖွယ် ဖြစ်လှကာ ဝါးရနံ့၊ ဆန်မွှေးရနံ့တို့၏ သင်းပျံ့မှုများနှင့် ပြည့်စုံနေပေသည်။ ဝါးကျည်တောက်ထမင်းဖြင့် နိုင်ငံခြားမိတ်ဆွေများကို တည်ခင်းဧည့်ခံပြီး တရုတ်ယဉ်ကျေးမှုအကြောင်း ပိုမိုနားလည် ခံစားသိရှိစေမည် ဖြစ်ပါသည်။