ကျွန်ုပ်နှင့် တရုတ်နိုင်ငံ - ပေကျင်း “ဟူထုံ့” (Hutong)ခေါ် ရှေးဟောင်းလမ်းကြားလေးထဲရှိ အင်္ဂလန်သားတစ်ဦး
ဗီဒီယိုကို ပေကျင်း ရွှိဖန်း(Xufang) အင်တာနေရှင်နယ် ဒစ်ဂျစ်တယ် ယဉ်ကျေးမှု ကုမ္ပဏီလီမိတက်မှ ပံ့ပိုးတင်ဆက်ပေးထားသည်။
Dominic Johnson-Hil ဆိုသူ အင်္ဂလန်သားတစ်ဦးသည် အသက် ၂၀ အရွယ်တွင် တရုတ်နိုင်ငံ ပေကျင်းသို့ ရောက်ရှိလာခဲ့ကာ ကြာညောင်းရှည်လျားလှသော သမိုင်းကြောင်းနှင့် လူ့သဘောသဘာဝ အငွေ့အသက်များနှင့် ပြည့်စုံကြွယ်ဝလွန်းလှသော ပေကျင်း “ဟူထုံ့” (Hutong)ခေါ် ရှေးဟောင်းလမ်းကြားလေးများနှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် ပေကျင်း၌ နေခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ဤသို့ဖြင့် သူသည် ဤနေရာတွင် အလုပ်အကိုင်များ ရှိလာပြီး မိသားစုဘဝကိုလည်း ပိုင်ဆိုင်ရရှိလာခဲ့သည်။
ဤအနှစ် ၂၀ ကာလပတ်လုံးတွင် သူသည် ပေကျင်း “ဟူထုံ့”(Hutong) ရှေးဟောင်း လမ်းကြားလေးများထဲတွင် ရှိနေပြီး မိမိနှစ်သက်ရာ လုပ်ငန်းလေးကို လုပ်ကိုင်လျက်၊ မိမိပျော်မွေ့ရာ ဘဝနေထိုင်မှုလေးကို ဖြတ်သန်းလျက်ရှိသည်။ သူသည် ပေကျင်း “ဟူထုံ့”(Hutong) ရှေးဟောင်း လမ်းကြားလေးများကို အလွန်နှစ်သက်သဘောကျပြီး ပေကျင်း “ဟူထုံ့”(Hutong)သည် ရှေးဟောင်းမြို့ကြီး၏ အသက်ဝိညာဉ်၊ သမိုင်းကြောင်းဖြစ်စဉ်၏ သက်သေဟုလည်း ယူဆမိသည်။