ကျွန်ုပ်နှင့် တရုတ်နိုင်ငံ - ဦးဦးတရုတ်အက္ခရာစာလုံး (Uncle Hanzi)က တရုတ်ဘာသာစကားကို ချစ်မြတ်နိုးသည်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-02 18:27:01


ဗီဒီယိုကို ပေကျင်း ရွှိဖန်း(Xufang) အင်တာနေရှင်နယ် ဒစ်ဂျစ်တယ် ယဉ်ကျေးမှု ကုမ္ပဏီလီမိတက်မှ  ပံ့ပိုးတင်ဆက်ပေးထားသည်။



Richard Sears ဆိုသူ အမေရိကန်နိုင်ငံသားတစ်ဦးသည် ၁၉၇၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံ၏ တရုတ်အက္ခရာစာလုံး (Hanzi)များ အပေါ်တွင် အလွန်ပင် စိတ်ဝင်စားခဲ့သည်။ သူသည် တရုတ်ဘာသာစကားကို လေ့လာသင်ယူပြီး အက္ခရာစာလုံးများ၏ နောက်ကွယ်ရှိ အနက်အဓိပ္ပာယ်နှင့် စာလုံးများ၏ သမိုင်းကြောင်းကို ထုတ်ဖော်လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ သူ့တွင် “ဦးဦးတရုတ်အက္ခရာစာလုံး” (Uncle Hanzi) ဟု ခေါ်သော တရုတ်နာမည် လှလှလေးတစ်ခု ရှိသည်။


WeChat Image_20211102094427.jpg


နေ့ရက်တိုင်း၏ အချိန်ကို အမိအရ ဖမ်းဆုပ်ပြီး တရုတ်အက္ခရာစာလုံးများ၏ ဇာစ်မြစ်အကြောင်းကို လေ့လာခြင်းသည် “ဦးဦးတရုတ်အက္ခရာစာလုံး”၏ လိုက်စားမှုနှင့် အိပ်မက် ဖြစ်လာသည်။ တရုတ်အက္ခရာစာလုံးများသည် တရုတ်ယဉ်ကျေးမှု၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး တရုတ်သမိုင်းကြောင်းကို နားလည်သဘောပေါက်နိုင်သည့် ပြတင်းပေါက်တစ်ခုဖြစ်ပြီး တရုတ်ယဉ်ကျေးမှု၏ လေးနက်မှုကို ခံစားရစေနိုင်သည်ဟု သူက ထင်မြင်မိပါသည်။ သူသည် “Chinese etymology” ဝဘ်ဆိုဒ်ကို တည်ထောင်ခဲ့ပြီး ကလေးများအား ရှေးတရုတ်အက္ခရာစာလုံးများကို စေတနာ့လုပ်အားပေး သင်ကြားပေးခဲ့သည်။ တရုတ်ယဉ်ကျေးမှုများ နောင်အနာဂတ်မျိုးဆက်သစ်များထံ ဆက်လက် လက်ဆင့်ကမ်းဖြန့်ဝေသွားစေရန် မျှော်လင့်လျက်ရှိသည်။


WeChat Image_20211102094437.jpg