မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်၏ “ခေတ်အဆက်ဆက်နှစ်သက်စရာ တရုတ်ကဗျာများ” စာအုပ် အမျိုးသားစာပေဆု ရရှိခဲ့
မြန်မာနိုင်ငံ အမျိုးသားစာပေဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၀)ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ အမျိုးသားစာပေတစ်သက်သာဆုရ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ဘာသာပြန်ထုတ်ဝေသော “ခေတ်အဆက်ဆက်နှစ်သက်စရာ တရုတ်ကဗျာများ” စာအုပ်သည် ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံ အမျိုးသားစာပေဆု (ဘာသာပြန်ရသဆု) ကို ရရှိခဲ့ပါသည်။

ဦးအုန်းမောင်က ၎င်းစာအုပ်ကို “Xu Yuanchong ဘာသာပြန်သော ခေတ်ဟောင်းခေတ်သစ် ကဗျာပုဒ်ရေ ၁၀၀” မှ ထုတ်နှုတ်ထားပြီး မြန်မာစာဖတ်ပရိသတ်များအား တရုတ်ကဗျာစာပေ၏ အနှစ်သာရများကို မိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ ယခုတစ်ကြိမ် ဆုရရှိခြင်းသည် မြန်မာ-တရုတ်စာပေဖလှယ်ရေးအတွက် အသိအမှတ်ပြုမှုတစ်ခု ဖြစ်ပြီး နောင်မှာလည်း နှစ်နိုင်ငံ စာပေယဉ်ကျေးမှုတိုးမြှင့်ဖလှယ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသားစာပေဆုကို ၁၉၄၈ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရမှ ချီးမြှင့်သော အမြင့်ဆုံးစာပေဆု ဖြစ်သည်။
