ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရဲ့ “ညီညာနွှဲပျော် လှေကိုလှော် ၊ မေတ္တာဖျန်းအေး ကောက်ညှင်းမွှေး” နဂါးလှေလှော်ပြိုင်ပွဲတော်ယဉ်ကျေးမှုပြပွဲအစီအစဉ် စတင်ပါပြီ။

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2026-06-12 19:05:59



တရုတ်ရိုးရာ နဂါးလှေလှော်ပြိုင်ပွဲတော် ရောက်ရှိတော့မှာမို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက အားလုံးပါဝင်ဆင်နွှဲလို့ရအောင် ပွဲတော်အစီအစဉ်လေး စီစဉ်ထားပါတယ်ရှင်။ ရန်ကုန်မြို့ရဲ့ Times City မှာ တရုတ်ရိုးရာ နဂါးလှေလှော်ပြိုင်ပွဲတော် အငွေ့အသက်များနဲ့ လာရောက်ဓာတ်ပုံရိုက်ရင်း လက်ဆောင်ပစ္စည်းများ လဲလှယ်ယူဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်နော်။ 


အချိန်

June 13 – June 20, 2026 (9:00– 18:00)


နေရာ

Times City


ဓာတ်ပုံရိုက်ရန်နေရာ


ပထမထပ် - Grand Dragon Boat-themed backdrop 



Glass bridge - Cartoon Zongzi



Jewellery Mall, 1st Floor Lobby, Times City, Yangon – Cartoon Zongzi


လက်ဆောင်ဘယ်လိုလဲကြမလဲ


1. ပွဲတော် Main backdrop ရယ်၊ ကောက်ညှင်းထုပ်အရုပ်ကလေးတွေရယ်နဲ့ ဓာတ်ပုံရိုက်ရပါမယ်။


2. ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို အောက်ပါ Social Media Platform တစ်ခုခုမှာ Public နဲ့ Post တင်ရပါမယ်။ 

(Facebook / Wechat / Instagram / TikTok / xiaohongshu)


3. Post တင်တဲ့အခါ အောက်ပါစာသားလေးတွေကို Tag တွဲတင်ဖို့ မမေ့နဲ့နော်။


#和舟共进•粽香传情 

#端午安康

#ChinaCulturalCenterinYangon

#DragonBoatFestivalMyanmar

#ChinaMyanmarFriendship


4. တင်ထားတဲ့ Post ကို Times City (၉)လွှာမှာ ရှိတဲ့ Bowen School ရဲ့ Reception မှာ ပြပြီး နဂါးလှေလှော်ပြိုင်ပွဲတော် လက်ဆောင်ပစ္စည်းလေးတွေ လဲလှယ်ထုတ်ယူနိုင်ပါတယ်။


Happy Dragon Boat Festival!

Chinese-Myanmar friendship holds up forever.