အဋ္ဌမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ တရုတ်စာရွတ်ဆိုခြင်းဗိုလ်လုပွဲ (ရန်ကုန်မြို)အား ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပ
ဧပြီလ (၂၇)ရက်နေ့တွင် အဋ္ဌမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ တရုတ်စာရွတ်ဆိုခြင်းဗိုလ်လုပွဲ (ရန်ကုန်မြို)ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ယင်းပြိုင်ပွဲအား Chinese Language and Culture Education Foundation of Chinaမှ ကြီးမှူးပြီး Bowen Schoolမှတာဝန်ယူ၍ China Foundation for Peace and Development(CFPD)မှ ပူးပေါင်းဆောင်ရွက်ကာ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အားဖြည့်ပါဝင် ကျင်းပခဲ့ပါသည်။
ယင်းပြိုင်ပွဲတွင် ရန်ကုန်အတွင်းရှိတရုတ်ကျောင်း (၁၄)ကျောင်း၊ ပြိုင်ပွဲဝင်ကျောင်းသားအဦး(၁၂၀၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မူကြိုအုပ်စု (၃နှစ်-၆နှစ်)၊ ကလေးငယ်အုပ်စု (၇နှစ်-၁၀နှစ်)၊ ကလေးကြီးအုပ်စု (၁၁နှစ်-၁၅နှစ်)နှင့် လူငယ်အုပ်စု (၁၆နှစ်-၁၈နှစ်)ဟူ၍ ခွဲထားပါသည်။ အကြိုပြိုင်ပွဲ၊ ဆန်ခါတင်ပြိုင်ပွဲများ ယှဉ်ပြိုင်အပြီးတွင် ဗိုလ်လုပွဲသို ပြိုင်ပွဲဝင် (၆၉)ဦး တက်ရောက်လာခဲ့ပါသည်။ ဗိုလ်လုပွဲယှဉ်ပြိုင်အပြီးတွင် ရွှေတံဆိပ်ဆု (၄)ဆု၊ ငွေတံဆိပ်ဆု (၆)ဆု၊ ကြေးတံဆိပ်ဆု (၁၀)ဆုနှင့် ထူးချွန်ဆုများအပြင် “ပါရမီဆု” ၊ “ဟန်အမူအရာဆု” ၊ “စတိုင်ဆု” (၄)ဆုစီကိုပါ ချီးမြှင့်ခဲ့ပါသည်။ ဆုရပြိုင်ပွဲဝင်များသည် ရန်ကုန်ကိုယ်စားပြုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဗိုလ်လုပွဲကြီးတွင် ဗီဒီယိုရုပ်သံဖိုင်ဖြင့်ဆက်လက် ပါဝင်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။