ယူနက်စကိုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဖြစ်လာသော တရုတ်ရိုးရာ နွေဦးနှစ်သစ်ကူးပွဲတော်နှင့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-12-05 14:34:59
ဒီဇင်ဘာလ (၄)ရက်နေ့တွင် “တရုတ်ရိုးရာ နွေဦးနှစ်သစ်ကူးပွဲတော် - တရုတ်လူမျိုးများ၏ နှစ်ကူးကြိုဆိုဂုဏ်ပြုသည့် လုပ်ဆောင်မှုများ” နှင့် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” တို့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပါသည်။
“မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း (၄၄) ခုဖြင့် ကမ္ဘာတွင် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက် ရှိပါသည်။