ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှုပွဲတွင် ဆုရရှိခဲ့သော Thuy Shun Lei Tun (杨珮瑄)အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-05-10 13:03:19


WeChat Image_20230510090501.png


တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ Guangming Online စသည့် ဌာနအဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုဖြင့် တရုတ်နိုင်ငံ စုန့်ချင်လင် လူငယ်ဆိုင်ရာ သိပ္ပံနည်းပညာနှင့် ယဉ်ကျေးမှုစင်တာ (The China Soong Ching Ling Science & Culture Center for Young People) မှ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့်အတူ ပူးပေါင်းကာ “ချစ်ကြည်ရေးပေါင်းကူးတံတား၊ ယဉ်ကျေးမှုသံတမန်များ” ဟူသည့် ဆောင်ပုဒ်ကိုဦးတည်၍ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (2022 China Soong Ching Ling Foundation) ၏ “ယဉ်ကျေးမှုသံတမန်ငယ်” လှုပ်ရှားမှုပွဲတွင် ဆန်ခါတင်စာရင်းဝင်ဆုကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ထောက်ခံပေးခဲ့သော ကျောင်းသူ Thuy Shun Lei Tun (杨珮瑄)မှ ရရှိခဲ့ပါသည်။


WeChat Image_20230510090506.jpg


တစ်ချိန်တည်းမှာပင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုလှုပ်ရှားမှုပွဲတွင်  ပါဝင်ယှဉ်ပြိုင်ရန် ဦးစီးဆောင်ရွက်ပေးမှုအပေါ် ကြီးမှူးကျင်းပသော ဌာနအဖွဲ့အစည်း၏ အသိအမှတ်ပြုခြင်းခံခဲ့ရကာ Excellent Organizer Award ကိုလည်း ရရှိခဲ့ပါသည်။


WeChat Image_20230510090509.jpg


မေလ (၅) ရက် မွန်းလွဲပိုင်းတွင် စုန့်ချင်လင်ဖောင်ဒေးရှင်းမှ ပေးအပ်ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်ပစ္စည်းများကို Thuy Shun Lei Tun (杨珮瑄)အား ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling မှ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဤလှုပ်ရှားမှုပွဲတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့မှုနှင့် ရလဒ်ကောင်းများ ရရှိခဲ့မှုအပေါ် ချီးကျူးစကားပြောကြားခဲ့ပါသည်။ တရုတ်-မြန်မာလူငယ်များအကြား အပြန်အလှန် လေ့လာနှီးနှောဖလှယ်ခြင်းကို မြှင့်တင်နိုင်ပြီး နားလည်မှုများ ပိုမိုနက်ရှိုင်းလာစေ၍ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်နိုင်စေရန် စွမ်းဆောင်ပါ ဟူ၍လည်း ချီးကျူးအားပေးခဲ့ပါသည်။


WeChat Image_20230510090511.jpg