၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) “ယဉ်ကျေးမှုသံတမန်ငယ်”ပွဲတွင် မြန်မာကျောင်းသူတစ်ဦး ဆုရရှိခဲ့

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-30 13:06:11


WeChat Image_20230330104327.jpg


၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) “ယဉ်ကျေးမှုသံတမန်ငယ်” ပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ လူငယ်များ စိတ်ဝင်တစား ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တရုတ်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ ရုရှား၊ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ ပြင်သစ်နှင့် မြန်မာနိုင်ငံ အစရှိသည့် နိုင်ငံပေါင်း (၄၀) ကျော်မှ ဗီဒီယိုစုစုပေါင်း (၄၀၀) ကျော်ကို လက်ခံရရှိခဲ့သည်။


WeChat Image_20230330104331.jpg


ဗီဒီယိုအကြောင်းအရာ၊ ဗီဒီယိုထုတ်လုပ်မှု အရည်အသွေး၊ ပြိုင်ပွဲဝင်တို့၏ ဘာသာစကားအသုံးအနှုန်းနှင့် ဖော်ပြနိုင်စွမ်း အစရှိသည်တို့ကို အဘက်ဘက်မှ ထည့်သွင်းစဉ်းစားပြီးနောက် အွန်လိုင်းမဲပေးမှုအပိုင်းအတွက် အကောင်းဆုံး ဗီဒီယိုလက်ရာပေါင်း (၁၅၄) ခုကို ဆန်ခါတင် ရွေးချယ်ပေးခဲ့ပါသည်။ နောက်ဆုံးတွင် အွန်လိုင်းမဲပေးစနစ်နှင့် ကျွမ်းကျင်သူများ၏ စိစစ်အကဲဖြတ်မှုများ ပြုလုပ်ပြီးနောက် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) သည် ၂၀၂၂ ခုနှစ် “ယဉ်ကျေးမှုသံတမန်ငယ်” ဆုရရှိသူများစာရင်းကို မကြာသေးမီက တရားဝင်ကြေငြာခဲ့ပါသည်။


WeChat Image_20230330104337.jpg


Myanmar International Education Center (MIEC) မှ Thuy Shun Lei Tun (杨珮瑄) သည် ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) “ယဉ်ကျေးမှုသံတမန်ငယ်”ပွဲတွင် ထူးချွန်ဆုကို ရရှိခဲ့ပါသည်။ ဤသည်မှာ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ထောက်ခံပေးပို့ခဲ့သော လက်ရာများအနက် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် Kyaw Zin Thant (杨金宝) ထူးချွန်ဆုရရှိခဲ့ပြီးသည့်နောက် ထပ်မံရွေးချယ်ခံရသည့် ဆုရပြိုင်ပွဲဝင်လက်ရာ ဖြစ်ပါသည်။


WeChat Image_20230330104342.jpg


ထူးချွန်ဆုရရှိသည့် Thuy Shun Lei Tun (杨珮瑄)အား ထပ်မံဂုဏ်ပြုအပ်ပါသည်။ ဤ “ယဉ်ကျေးမှုသံတမန်ငယ်” ပွဲတွင် မြန်မာလူငယ်လေးများ  ပိုမိုပါဝင်ဆင်နွှဲကာ တရုတ်-မြန်မာနှစ်နိုင်ငံအကြား ယဉ်ကျေးမှု ဖလှယ်ဆက်ဆံရေးကို တိုးမြှင့်၍ ပေါက်ဖော်ချစ်ကြည်ရေး၏ စာမျက်နှာအခန်းကဏ္ဍအသစ်အား ရေးထိုးနိုင်မည်ဟု မျှော်လင့်မိပါသည်။