ဘောလုံးအားကစား၏ မူလဇာစ်မြစ်ရှာဖွေရေး ယဉ်ကျေးမှုခရီးစဉ်
“ချုကျွီး (Cuju)” တရုတ်ရိုးရာ ဘောလုံးအားကစားသည် ချွန်ချူ စစ်ပြိုင်ခေတ်ကာလက ချီနိုင်ငံ (Qi) ၏ မြို့တော် လင်းဇင်းမြို့ (Linzi) မှ စတင်ပေါ်ထွက်လာခဲ့သည့် ဘောလုံးအားကစားတစ်မျိုး ဖြစ်ပြီး တရုတ်နိုင်ငံတွင် နှစ်ပေါင်း (၂၀၀၀)ကျော်ကြာ သမိုင်းကြောင်းရှိနေပြီ ဖြစ်သည်။ နိုင်ငံတကာ ဘောလုံးအားကစားအဖွဲ့ချုပ် (FIFA) မှ ၎င်းအားကစားကို ဘောလုံးအားကစား၏ မူလဇာစ်မြစ်အဖြစ် အသိအမှတ်ပြု လက်ခံထားပါသည်။
“ချုကျွီး (Cuju)” တရုတ်ရိုးရာ ဘောလုံးအားကစားသည် ရှေးခေတ် တရုတ်လူမျိုးတို့၏ အတွေးအခေါ် အမြော်အမြင်ကြီးမှုများကို စုစည်းထားရှိသည့်အပြင် စည်းလုံးညီညွတ်ပြီး စုပေါင်းလုပ်ဆောင်တတ်သည့် အားကစားစိတ်ဓာတ်ကိုလည်း ထင်ဟပ်ပေါ်လွင်စေပါသည်။ ၎င်းအားကစားသည် အရပ်နေပြည်သူများအကြား ထင်ရှားကျော်ကြားသည့် အပန်းဖြေမှုပုံစံတစ်မျိုး ဖြစ်ရုံသာမက စစ်တပ်အတွင်း အကျိုးထိရောက်သည့် စစ်ရေးလေ့ကျင့်မှုနည်းလမ်းတစ်ခုလည်း ဖြစ်သည်။ နန်းတွင်းမှသည် သာမန်ပြည်သူများအထိ လူအများနှစ်သက်မှုကို တစ်ခဲနက် ရရှိခဲ့ပါသည်။ ယင်းအားကစားသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ ပြည်သူများအကြားရှိ ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးများနှင့်အတူ ကမ္ဘာ့နိုင်ငံအများအပြားသို့ ပျံ့နှံ့ရောက်ရှိသွားပြီး နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုများနှင့် ရောယှက်ပေါင်းစည်းသွားခဲ့ကြသည်။
“ချုကျွီး (Cuju)” တရုတ်ရိုးရာ ဘောလုံးအားကစားယဉ်ကျေးမှုအကြောင်း သိရှိလိုပါက ၎င်းအားကစား၏ အစပြုရာ ဆန်းတုန်းပြည်နယ် (Shandong) ကို လေ့လာရန် လိုအပ်ပေလိမ့်မည်။ “ချုကျွီး (Cuju)” ဘောလုံးအားကစားကို ကြားခံအဖြစ် ထားရှိ၍ ဆန်းတုန်းပြည်နယ် (Shandong) ၏ ဖော်ရွေပျူငှာမှု၊ နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းယဉ်ကျေးမှု အမွေဆက်ခံမှုများနှင့် သဟဇာတဖြစ်စွာ အတူတကွ ယှဉ်တွဲနေထိုင်မှုများကို ဖော်ပြတင်ဆက်သွားမည် ဖြစ်ပါသည်။