ပိုးလမ်းမကြီးပုံရိပ် - တရုတ်နိုင်ငံဖက်ရှင်အနုပညာ ထူးချွန်လက်ရာများ ပုံရိပ်ယောင်ပြပွဲ
အနားသတ်မရှိ ကျယ်ပြောလှသော လူသားမျိုးနွယ် သမိုင်းကြောင်း၌ ဝတ်စားဆင်ယင်မှုယဉ်ကျေးမှုသည် ရှည်လျားကြာညောင်းလှသော ပြောင်းလဲမှုများကို ဖြတ်ကျော်ခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀၀၀ ကျော်ခန့်က တရုတ်လူမျိုးတို့၏ ဘိုးဘေးများသည် ဖက်ရှင်ဒဏ္ဍာရီကို ဖန်တီးနိုင်ခဲ့ကြပါသည်။ ပိုးချည်မျှင် တစ်မျှင်ပြီးတစ်မျှင်ကို ပိုးအိမ်မှ ဆွဲထုတ်ယူပြီး ခန့်ညားလှပသော ပိုးထည်များကို ရက်လုပ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ပိုးထည်သည် ပျော့ပျောင်းနွဲ့နောင်းသော စွမ်းအားဖြင့် တရုတ်ယဉ်ကျေးမှုကို လှုပ်ကိုင်ခဲ့ပြီး ဝတ်စားဆင်ယင်မှု နယ်ပယ်လမ်းကြောင်းကိုလည်း ဦးဆောင်လမ်းပြခဲ့ပေသည်။ တရုတ်ဝတ်စားဆင်ယင်ပုံယဉ်ကျေးမှု၏ နက်နဲကျယ်ပြန့်ပြီး ရှည်လျားကြာညောင်းလှသော သမိုင်းကြောင်းသည် တမူထူးခြားသော တိုင်းရင်းသားလူမျိုးများ၏ ဆွဲဆောင်မှုနှင့် တရုတ်လူမျိုးတို့၏ အနုပညာရသကို ပေါ်လွင်ပျံ့နှံ့လျက် ရှိစေခဲ့ပါသည်။ “ပိုးလမ်းမကြီးပုံရိပ်”တရုတ်ဖက်ရှင်အနုပညာ ထူးချွန်လက်ရာများပြပွဲသည် တရုတ်နိုင်ငံမှ ထိပ်တန်း ဖက်ရှင်ဒီဇိုင်းပညာရှင်များ၏ ကိုယ်စားပြုလက်ရာများကို စုစည်းပြသထားပြီး တရုတ်နိုင်ငံ၏ ဖက်ရှင်ပုံပြင်များကို ညွှန်းဆိုမည်ဖြစ်သည်။ ထိုလက်ရာများတွင် တိုင်းရင်းသား ရိုးရာဓလေ့ယဉ်ကျေးမှု၊ စက္ကူညှပ်အနုပညာ၊ ရက်ကန်းလက်မှုပညာ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပန်းထိုးခြင်းအနုပညာ၊ အထည်ရက်ဆေးဆိုးခြင်း စသည့် နည်းပညာအနှစ်သာရများ ပါဝင်ပြီး မျက်မှောက်ခေတ်အနုပညာနှင့် နိုင်ငံတကာမှ ခေတ်ရေစီးကြောင်းကို ချိတ်ဆက်မည့် လမ်းကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေကာ ယဉ်ကျေးမှု အမြင်ရှုထောင့်သစ်များကိုလည်း သိရှိစေမည်ဖြစ်သည်။ ဤပြပွဲမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအကြား ယဉ်ကျေးမှု နှီးနှောဖလှယ်ရေးကို မြှင့်တင်ပေးရာတွင် ပိုးထည်၏ မဟာတန်ဖိုးကို ထင်ထင်ရှားရှား ဖော်ပြနိုင်ရန်နှင့် မျက်မှောက်ခေတ် တရုတ်နိုင်ငံ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာမှုမှ ဖက်ရှင်အနှစ်သာရများ၏ ခမ်းနားထည်ဝါသည့် ပုံရိပ်တို့ကိုပါ ဖော်ထုတ်ပြသနိုင်ရန် မျှော်လင့်ထားပေသည်။
အသေးစိတ်အား fashionexpo.cice.org.cn ကို ဝင်ရောက်၍ လေ့လာနိုင်ပါသည်။
↑↑↑
QR code ကို နှိပ်ပြီး Online Celebration သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။