သာယာလှပသော တရုတ်နိုင်ငံ - “ကျွန်ုပ်နှင့် အမိနိုင်ငံတော်” ဓာတ်ပုံပြပွဲ
“ကျွန်ုပ်နှင့်အမိနိုင်ငံတော်”ဓာတ်ပုံပြပွဲသည် လူတစ်ဦးချင်းစီနှင့်နိုင်ငံတော်အကြား ပတ်သက်ဆက်နွယ်နေမှုကို ဖော်ကျူးထားခြင်းဖြစ်ပါသည်။ ရိုက်ကူးသူမှ အမိနိုင်ငံတော်ကြီးအပေါ်ထားရှိသည့် အနက်ရှိုင်းဆုံးသံယောဇဉ်များ ရင်တွင်း၌ကိန်းအောင်းနေခြင်း၊ မျက်ဝန်း၌ ဖော်ကျူးထားခြင်း၊ ထိုသူတို့ နေ့စဉ်လူနေမှုဘဝတွင် တွေ့မြင်ရခြင်း၊ လက်တွေ့ဘဝတွင် ထိရှခံစားမိခြင်း၊ မျက်တောင်မခတ်တမ်း လေးလေးနက်နက်တွေးတောမိခြင်း၊ ပုံရိပ်ဘာသာစကားများဖြင့် တရုတ်နိုင်ငံတော်သစ်ကြီး၊ ခေတ်သစ်၊ သမိုင်းကြောင်းသစ်တို့ကို ဖွဲ့နွဲ့သီကျူးထားခြင်းပင်ဖြစ်သည်။ ယင်းဓါတ်ပုံပြပွဲမှ လက်ရာအနုစိတ်မှု၊ ပုံပန်းသဏ္ဌာန်၊ တိုက်ရိုက်ရှုမြင်မှု၊ ပြီးပြည့်စုံခြင်းတင်မက အပြုသဘောဆောင်ခြင်းပါ ပါဝင်လျှက်ရှိပါသည်။ ဤမျှဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်တည်ထောင်ခြင်း ၇၁ နှစ်ပြည့်အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
ဤဓာတ်ပုံများကို တရုတ်နိုင်ငံ အနုပညာဓာတ်ပုံပညာရှင်များအသင်းမှ ပံ့ပိုးကူညီထားပါသည်။