ရိုးရာဓလေ့နှင့်ဆက်ဆံမည့် သဘာဝနှင့်အတူသွားလာမည့် “တောင်ပတ်ပွဲတော်”
ဤဓာတ်ပုံများကို ယူနန်ပြည်နယ် လိကျန်းမြို့ နင်လောင့်ရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့ နင်လောင့်ရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု၏ တောင်ပတ်ပွဲတော်ကို တရုတ်ပြက္ခဒိန်၏ ၇လပိုင်း ၂၅ရက်နေ့တွင် ကျင်းပလေ့ရှိ၍ မော်ဆောလူမျိုးတို့ ကယ်မူနတ်သမီးတောင်ကို ပူဇော်ကန်တော့သည့်ပွဲတော်ဖြစ်သည်။ ထိုနေ့တွင် မော်ဆောလူမျိုးတို့သည် အိမ်တိုင်းကိုယ်စီ ဝတ်ကောင်းစားလှများဝတ်ဆင်ကာ လူကူးကန်(Lugu Lake)ကန်စပ်ရှိ ကယ်မူနတ်သမီးတောင်သို့ သွာရောက်၍ ပူဇော်ကန်တော့ ကြသည်။ ထို့အပြင် ပျော်ပွဲစားထွက်ခြင်း၊ သီဆိုကခုန်ခြင်း၊ အားကစားယှဉ်ပြိုင်ခြင်းတို့ကို ကျင်းပပြုလုပ်ကြသည်။ ပွဲအပြီးတွင် လူတို့သည် ကယ်မူနတ်သမီးဘုံကျောင်းကို တာထွက်အဖြစ်သတ်မှတ်ပြီး နာရီလက်တံအတိုင်း တောင်ကိုပတ်ကြသည်။ ထို့ကြောင့် “တောင်ပတ်ပွဲတော်” ဟုခေါ်ဆိုခြင်းဖြစ်သည်။ “တောင်ပတ်ပွဲတော်” သည် မော်ဆောလူမျိုးများ၏ တမူထူးခြားလှသော သဘာဝနှင့်ပေါင်းစပ်ထိတွေ့ရသည့် ရိုးရာဓလေ့ပွဲတော်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ယူနန်ပြည်နယ် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ခဲ့သည်။