ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - ဆောင်းဦးလယ်ယဉ်ကျေးမှုသီတင်းပတ်လှုပ်ရှားမှု ပုံရိပ်ယောင်ပြပွဲ
ပြပွဲအကြောင်းအရာများကို China Arts & Entertainment Group Ltd. မှ ပံ့ပိုးကူညီထားပါသည်။
↑↑↑
QR code ကို နှိပ်ပြီး Virtual exhibition သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Virtual exhibition video display in English
ဆောင်းဦးလယ်ရာသီသည် ကောက်ပဲသီးနှံများ ရိတ်သိမ်းချိန် ဖြစ်သည်။ သီးနှံလှိုင်လှိုင်ပေါ်ခြင်းသည် ပင်ပန်းခက်ခဲစွာ ကြိုးစားမှုအတွက် သဘာဝတရားကြီးမှ ပြန်လည်ချီးမြှင့်ပေးအပ်သည့် လက်ဆောင်ပင် ဖြစ်သည်။ ဆောင်းဦးလယ်ရာသီတွင် လမင်းဝင်းပ ထိန်ထိန်သာသည့်အခိုက် ငွေရောင်ဖြာသန်းနေသော လရောင်သည် လူတို့၏ မိသားစု ပြန်လည်ဆုံစည်းရေး သံယောဇဉ်အတွေးကို ဖော်ဆောင်နေပါသည်။ ဆောင်းဦးလယ်လမုန့်ပွဲတော်သည် လူ့ဘောင်လောကမှ စိတ္တသုခအပေါင်း ခညောင်းပြည့်စုံရန် မျှော်လင့်တောင့်တကြသော ပွဲတော်ရက်မြတ် ဖြစ်ပေသည်။
ဆောင်းဦးလယ်လမုန့်ပွဲတော် ရက်မြတ်အခါသမယတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား” ဆောင်းဦးလယ်ယဉ်ကျေးမှုသီတင်းပတ်လှုပ်ရှားမှု ပုံရိပ်ယောင်ပြပွဲကို ကျင်းပသွားမည် ဖြစ်သည်။ “တွေ့ဆုံချိန်ခါ ဆောင်းဦးလယ်ရာသီမှာ”၊ “ဆောင်းဦးလယ် ဓလေ့ထုံးတမ်းပုံရိပ်”၊ “သင်ယူဖွယ်ရာ ဆောင်းဦးလယ်ရာသီမှာ” စသည့် ကဏ္ဍအကြောင်းအရာများကို ဖန်တီးကာ ပုံရိပ်ယောင် 3D နစ်မျောခံစားမှုပုံစံဖြင့် ခင်းကျင်းပြသသွားမည် ဖြစ်သည်။ အသံ၊ ပုံရိပ်၊ ရုပ်ပုံ၊ ဂိမ်း၊ ကာတွန်း စသည်တို့မှတဆင့် မြန်မာပြည်သူပရိသတ်များအား ဆောင်းဦးလယ်လမုန့်ပွဲတော် စတင်ဖြစ်ပေါ်လာခြင်းအကြောင်းကို မိတ်ဆက်ဖော်ပြရင်း တစ်မူထူးခြားသော တိုင်းရင်းသားရိုးရာဓလေ့များကို တွေ့ကြုံခံစားစေကာ စုံလင်ဆန်းပြားသည့် ဆောင်းဦးလယ်ရာသီ ယဉ်ကျေးမှုများကို ရှုစားစေပြီး ဆောင်းဦးလယ်ရာသီပွဲတော်၏ မိသားစု ပြန်လည်ဆုံစည်းခြင်းနှင့် ချစ်ခင်သင့်မြတ်ခြင်း၏ ယဉ်ကျေးမှုအနှစ်သာရ အကြောင်းအရာများကို နားလည်သိရှိသွားစေမည် ဖြစ်သည်။
ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်နိုင်ငံ၏ပွဲတော် ဖြစ်သကဲ့သို့ တစ်ကမ္ဘာလုံးဆိုင်ရာ ပွဲတော်လည်း ဖြစ်ပေသည်။ ပြည့်ဝန်းထိန်လင်းနေသော လရိပ်တစ်ခုတည်းအောက်တွင် ကျွန်ုပ်တို့အားလုံးသည် လေထုတစ်ခုတည်းကို ရှူရှိုက်ကြပြီး အကျိုးတူ၊ ကြမ္မာတူများ ဖြစ်ကြပေသည်။ လူသားအားလုံး သက်ရှည်ကျန်းမာစေကြောင်း တောင်းဆုပြုရင်း ပြည့်ဝန်းထိန်သာသော ငွေစင်လဝန်းအား မိုင်ထောင်ချီခြား၍ အတူရှုစားကြပါစို့။