Visiting China Online - အားမာန်အပြည့်ဖြင့် တက်ကြွမှုအရှိဆုံး ကွမ်တုန်း၊ ဟောင်ကောင်၊ မကာအိုဒေသနှင့် ထူးခြားပြောင်မြောက်လှသည့် Greater Bay Area
ဤဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ GuangDong ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာနနှင့် ShenZhen မြို့ ယဉ်ကျေးမှု၊ အသံလွှင့်၊ ခရီးသွားလာရေးနှင့် အားကစားဦးစီးဌာနမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
တရုတ်နိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသတွင် ရှည်လျားသော သမိုင်းကြောင်းနှင့် မျက်စိပသာဒဖြစ်သော ရှုမျှော်ခင်းများရှိသည့် နေရာတစ်ခုသည် ယနေ့ခေတ် ကမ္ဘာပေါ်တွင် အားမာန်အတက်ကြွဆုံးမြို့များ စုပေါင်းတည်ရှိနေသည့် Guangdong၊ Hong Kong၊ Macau Greater Bay Area နေရာပင်ဖြစ်သည်။
Guangdong၊ Hong Kong၊ Macau Greater Bay Area သည် မြေမျက်နှာပြင် ဧရိယာစုစုပေါင်း ၅၆၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အမြဲတမ်းနေထိုင်သူမှာ ၆၇သန်းရှိပြီး ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနှင့် ဧရိယာအကြီးမားဆုံးသော မြို့ပြအစုဖြစ်ကာ အာရှ-ပစိဖိတ်ဒေသတွင် အားမာန်အတက်ကြွဆုံးနှင့် ဖွံဖြိုးတိုးတက်မှု အလားအလာအရှိဆုံး ဒေသတစ်ခုလည်း ဖြစ်သည်။
Guangdong၊ Hong Kong၊ Macau Greater Bay Areaတွင် ရောင်စုံလှပမှုတို့ဖြင့် ပြည့်နှက်နေသည့် “Pearl of the Orient” ဟု အမည်ရှိသော ဟောင်ကောင်ဒေသ၊ ဆွဲဆောင်မှုအပြည့်ရှိသည့် ခရီးသွားအပန်းဖြေစင်တာဖြစ်သော မကာအိုဒေသနှင့် Lingnanဒေသ၏ ကိုယ်ပိုင်အငွေ့အသက်များဖြင့် ပြည့်နှက်လျက်ရှိသည့် Guangzhou၊ Shenzhen၊ Zhuhaiနှင့် Foshan အစရှိသည့် မြို့ကြီးများလည်း ရှိသေးသည်။
HongKong-Zhuhai-Macau တံတားကြီး၊ မြို့ပတ်မြို့ပြလမ်းကြောင်း သယ်ယူပို့ဆောင်ရေးကွန်ယက်၊ Guangzhou-Shenzhen-Hong Kong အမြန်ရထားလမ်း အစရှိသည်တို့သည် Guangdong၊ Hong Kong၊ Macau Greater Bay Area တွင် တစ်နာရီအတွင်း လည်ပတ်နိုင်ရန်အတွက် တည်ဆောက်ခဲ့ပါသည်။ ဗီဇာကိစ္စရပ်များ ပိုမိုလွယ်ကူမြန်ဆန်လာပြီး လူဝင်မှုကိစ္စရပ်များ ထိရောက်မြန်ဆန်မှုကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်ခဲ့သည်။ Guangdong၊ Hong Kong၊ Macau Greater Bay Area သည် နေရာဒေသအစုံမှ ဧည့်သည်များနှင့် မိတ်ဆွေများကို ကြိုဆိုလျက်ရှိပြီး နေချင်စဖွယ်ဖြစ်၍ စီးပွားရေးလုပ်ငန်း လုပ်ရကိုင်ရအဆင်ပြေကာ ခရီးသွားလာရလွယ်ကူသော ကမ္ဘာ့အဆင့်မီ ခရီးသွားအနားယူအပန်းဖြေရာ နေရာအဖြစ် တည်ဆောက်လျက်ရှိသည်။
အားမာန်အပြည့်ဖြင့် တက်ကြွမှုအရှိဆုံး Guangdong၊ Hong Kong၊ Macauနှင့် ထူးခြားပြောင်မြောက်လှသည့် Greater Bay Areaမှ သင့်အား လာရောက်လည်ပတ်ရန် အတွက် အသင့်စောင့်မျှော်လျက်ရှိပါသည်။