ကာတွန်းရုပ်ရှင် - ပျံသန်းဖွေရှာ လကမ္ဘာ လှပသောအိပ်မက်တစ်ခု

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-09 15:12:33



ဗီဒီယိုကို တရုတ်နိုင်ငံ နိုင်ငံခြားဘာသာ ပုံနှိပ်ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းဌာနမှ ပံ့ပိုးထားပါသည်။


လူသားများ၏ အပြင်ဘက် အာကာသအပေါ် မျှော်မှန်းတောင့်တခြင်းကြောင့် ကျွန်ုပ်တို့၏ လနှင့်ပတ်သက်သော စိတ်ကူးအတွေးများသည် မည်သည့်အခါတွင်မှ မရပ်တန့်ခဲ့ပေ။



၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တရုတ်ဒဏ္ဍာရီလာ လနတ်သမီးကို အစွဲပြုမှည့်တွင်ထားသည့် “ချန်အယ် (Chang’e)” အမှတ်(၄) လကမ္ဘာထောက်လှမ်းရေး အာကာသယာဉ်သည် ကမ္ဘာကို ကျောပေးထားသည့် လအမှောင်ခြမ်းသို့ ဆင်းသက်ရောက်ရှိခဲ့ပါသည်။ ဤသည်မှာ လူသားများ၏ လအကြောင်းစူးစမ်းလေ့လာခြင်းသမိုင်းတွင် လကမ္ဘာ၏ “လျှို့ဝှက်ဆန်းကြယ်သောအရပ်” သို့ ပထမဆုံးရောက်ရှိခဲ့ခြင်း ဖြစ်သည်။



တရုတ်နိုင်ငံ၏ လအကြောင်းစူးစမ်းရေးလုပ်ဆောင်မှုသည် (၄၅) နှစ်တာ လေ့လာပြင်ဆင်ခြင်းကာလကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးတွင် ပျံသန်းဖွေရှာ လကမ္ဘာဟူသော အိပ်မက်ကို အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပါသည်။