ကျွန်ုပ်နှင့် တရုတ်နိုင်ငံ - တူရကီနိုင်ငံသား အားပု၏ ဟယ်ကျန်းကောင်တီ ဘဝနေထိုင်မှု
စီချွမ်ပြည်နယ် (Sichuan) ဟယ်ကျန်းကောင်တီ (Hejiang) သည် စီချွမ်ပြည်နယ်၊ ချုံချင့်မြို့ (Chongqing) နှင့် ကွေ့ကျိုးပြည်နယ် (Guizhou) တို့ ထိစပ်နေသည့် နေရာတွင် တည်ရှိပြီး ယန်စီမြစ် (Yangtze) ၊ ချိဆွေမြစ် (Chishui) နှင့် ရှီဆွေမြစ် (Xishui) တို့ ပေါင်းဆုံခြင်းကို အကြောင်းပြု၍ အမည်တွင်သည်။ ဟယ်ကျန်းကောင်တီ၏ နက်ရှိုင်းသော သမိုင်းကြောင်းယဉ်ကျေးမှု၊ ရိုးရှင်းသော ဓလေ့ထုံးတမ်းနှင့် လှပသော ကျေးလက်ရှုခင်းများက တူရကီနိုင်ငံသား အားပု (Abu) ကို အပီအပြင် ဆွဲဆောင်နေပါတော့သည်။
အားပုသည် ယင်းဒေသ၏ ကျေးလက်လူနေမှုဘဝကို အလွန်ပင် နှစ်သက်လိုလားသူဖြစ်၍ ဤနေရာတွင် ဘဝတစ်ခုထူထောင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ရွေးချယ်ခဲ့ပါသည်။ ယခုအခါတွင် သူသည် ဒေသခံဘဝနေထိုင်မှုပုံစံနှင့် လုံးဝ အသားကျနေပြီဖြစ်သည်။ အားပုက ဤနေရာတွင် နေထိုင်ရသည်မှာ အေးအေးချမ်းချမ်းနှင့် သက်သောင့်သက်သာရှိကြောင်း၊ လေကောင်းလေသန့်ရပြီး အစားအသောက်များလည်း ကောင်းမွန်ကြောင်းနှင့် ဟင်းသီးဟင်းရွက်များ အားလုံးသည်လည်း ကိုယ်တိုင်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဤသည်မှာ ၎င်းမျှော်လင့်တောင့်တသော ဘဝနေထိုင်မှုပုံစံပင် ဖြစ်သည်။