တရုတ်ရိုးရာပွဲတော်အက - “စီးမျောခံစား ဆောင်းဦးအငွေ့အသက်များ”
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-10-12 17:22:04
ဗီဒီယိုကို Henan Broadcasting System မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
“စီးမျောခံစား ဆောင်းဦးအငွေ့အသက်များ”
အေးမြလှသည့် ဆောင်းဦးရာသီသည် ကြည်လင်သာယာသော မိုးသားကောင်းကင်ပြာနှင့် တောင်တန်းများပေါ်တွင် နီနီမြန်းမြန်း အထပ်ထပ် ပေါက်ရောက်နေသော သစ်ရွက်နီများဖြင့် အလှထူးနေပေသည်။ တဖြူးဖြူး တိုက်ခတ်နေသော ဆောင်းဦးလေပြည်အကြားတွင် လူငယ်အကပညာရှင်များသည် ဂန္ဓမာပန်းခူးယူနေပုံ၊ ဂန္ဓမာပန်းနေလှန်းနေပုံနှင့် ဂန္ဓမာယမကာချက်လုပ်နေပုံတို့ကို ကကွက်အလှများဖြင့် ပုံဖော်တင်ဆက်ရင်း ကြည့်ရှုသူပရိသတ်များအား လောကီရေးရာ အပြိုင်အဆိုင်ကိစ္စရပ်များနှင့်ဝေးရာ စိတ်နှလုံးအေးချမ်းစေသော သဘာဝအလှတရားများထံ ခေါ်ဆောင်သွားမည် ဖြစ်ပါသည်။