တရုတ်ရိုးရာပွဲတော်အက - “မင်းနေပြည်တော်တစ်ဝိုက်က တေးကဗျာသီချင်းများပေါင်းစုချုပ် - လွမ်းရပြီလေ” အမျိုးသမီးအဖွဲ့လိုက်အက

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-28 12:17:48


ဗီဒီယိုကို Henan Television (HNTV) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20220324101941.jpg



“လွမ်းရပြီလေ”


“လွမ်းရပြီလေ” အမျိုးသမီးအဖွဲ့လိုက်အကသည် တေးသံသာယာငြိမ့်ညောင်းပြီး ကကွက်များ တင့်တယ်လှပကာ တရုတ်အမျိုးသမီးရှေးဟောင်းဂန္ထဝင်အက၏ အလှတရားများ ပေါ်လွင်ထင်ရှားလှသည်။ ယင်းအကသည် မနက်ခင်းအချိန်အခါ၌ လူငယ်အမျိုးသားနှင့် အမျိုးသမီးငယ်တို့ လက်တောကွက်များရှိ လမ်းငယ်လေးပေါ်တွင် အမှတ်မထင်တွေ့ဆုံရာမှ ချစ်ကြိုက်ခဲ့ခြင်းကို ဖော်ပြထားသည်။ “တစ်နေ့မတွေ့ရလျှင်ပင် သုံးရာသီစာ ရှည်ကြာသည့်အလား” ရင်ထဲက လွမ်းဆွတ်တမ်းတနေပုံများ၊ ထိုသူနှစ်ဦးတို့ အပြန်အလှန် မေတ္တာမျှနေပြီး ချိုမြိန်မှုနှင့် ပူဆွေးမှုများ ရောယှက်ရှုပ်ထွေးနေရသည့် စိတ်ခံစားချက်များဖြင့် သွယ်ဝိုက်ဖော်ပြတတ်သော သဘောရှိသည့် တရုတ်ရှေးအခါက ချစ်ခြင်းမေတ္တာ၏ အလှရသများကို ထင်ဟပ်ပြသထားပါသည်။