“ပေကျင်းယဉ်ကျေးမှုအနှစ်သာရများ” ကဏ္ဍတွဲဗီဒီယိုအတို - ပေကျင်းမြို့၏ ထူးခြားသော ရှုမျှော်ခင်းနှင့် ခမ်းနားသော အနုပညာ
ဗီဒီယိုကို ပေကျင်းမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဗီဒီယိုများသည် ပေကျင်းမြို့၏ ကိုယ်စားပြု ခရီးသွားနေရာများ၊ ဖွံ့ဖြိုးစ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာများ၊ အနုပညာနယ်ပယ်မှ ထင်ရှားသော အနုပညာရှင်များ၊ အနုပညာအဖွဲ့များနှင့် အနုပညာဖြင့် အသက်မွေးသော လူငယ်လူရွယ်များ အားလုံးကို ပေါင်းစည်း၍ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပေါင်းစပ်ထားသည့် ရှုထောင့်အမြင်အသစ်ဖြင့် ပေကျင်းမြို့၏ တစ်မူထူးခြားသော ဆွဲဆောင်မှုအလှတရားများကို ကမ္ဘာသိအောင် တင်ဆက်ထားပါသည်။ ယနေ့တွင် “ဇာမဏီနိဗ္ဗာန်” နှင့် “မဟာတံတိုင်းကြီးခြေရင်းမှ မြို့ငယ်လေး” ဗီဒီယိုများကို အားလုံးအတူတူ ရှုစားလိုက်ကြရအောင်။
“ဇာမဏီနိဗ္ဗာန်” ဗီဒီယိုကို သမိုင်းဝင်ယဉ်ကျေးမှု အနှစ်သာရများ ပြည့်နှက်နေသော နှစ်ပေါင်းရာချီသမိုင်းရှိ ရှေးဟောင်းလုံဖူဘုရားကျောင်း (Longfu) တွင် ရိုက်ကူးထားပြီး လူငယ်စောင်းပညာရှင် စွန်းရှီးမိန် (Sun Shimeng) နှင့် ၂၀၀၈ခုနှစ် အိုလံပစ်ပြိုင်ပွဲ၏ အဖွဲ့လိုက်စည်းချက်ညီကျွမ်းဘား စွယ်စုံရ ငွေတံဆိပ်ဆုရှင် စွေကျန့်ရွှမ် (Sui Jianshuang) တို့မှ အတူတကွ ပါဝင်တင်ဆက်ထားပါသည်။
“ဇာမဏီနိဗ္ဗာန်”
“မဟာတံတိုင်းကြီးခြေရင်းမှ မြို့ငယ်လေး” ဗီဒီယိုကို စီးမာထိုင်မဟာတံတိုင်း (Simatai Great Wall) ခြေရင်း၌ ရေမြေတောတောင်များ ဝန်းရံကာ တည်ဆောက်ထားသော မင်မင်းဆက်ခေတ် (Ming) ၊ ချင်းမင်းဆက်ခေတ် (Qing) နှင့် တရုတ်သမ္မတနိုင်ငံခေတ် (Republic of China) ကာလပုံစံများကို ထိန်းသိမ်းထားသည့် မိယွင်ဒေသ (Miyun) ရှေးဟောင်းပေကျင်းရေပေါ်မြို့တွင် ရိုက်ကူးထားပါသည်။ ၎င်းဗီဒီယိုတွင် တရုတ်နိုင်ငံ အမျိုးသားသံစုံတီးဝိုင်းအဖွဲ့မှ “ပေကျင်းရှေးဟောင်းနန်းတော် (The Forbidden City)” ကြိုးတပ်တူရိယာတီးခတ်ပညာရှင် (၄)ဦးတို့မှ ပြောင်မြောက်စွာ ဖျော်ဖြေတင်ဆက်ပေးထားပါသည်။
“မဟာတံတိုင်းကြီးခြေရင်းမှ မြို့ငယ်လေး”