တရုတ်ရိုးရာပွဲတော်အက - "ခံစားချက်များဖွင့်ချရာ ဟိုးအမြင့်ထက်တစ်နေရာ"
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-10-19 13:17:05
ဗီဒီယိုကို Henan Broadcasting System မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
“ခံစားချက်များဖွင့်ချရာ ဟိုးအမြင့်ထက်တစ်နေရာ”
“ဂန္ဓမာပန်းခူး ကြည်နူးပျော်ရွှင်မြူး၊ အလှများရစ်သီ ထိုတောင်တန်းများဆီ” ဟူသော ကဗျာစာသားအတိုင်းပင် တရုတ်ရိုးရာ (၉)လပိုင်း (၉)ရက်နေ့ ကိုးနှစ်လုံးဆင့်ပွဲတော်တွင် လူငယ်အကပညာရှင်များသည် ကဗျာအလှကို ဖော်ကျူးကာ ဂန္ဓမာပန်း ရှုစားနေပုံနှင့် ဟိုးအမြင့်ထက်တစ်နေရာမှ စိတ်ခံစားချက်တို့အား လှစ်ဟဝေမျှနေပုံတို့ကို ကကွက်များဖြင့် ပုံဖော်တင်ဆက်ရင်း ရှေးလူများနှင့်အတူ သဘာဝကပေးသော ဆောင်းဦးရာသီ၏ အလှတရားများကို ခံစားကြလေသည်။