တရုတ်ရိုးရာပွဲတော်အက - “အတိတ်နေ့ရက်များဆီ”
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-28 21:21:03
ဗီဒီယိုကို Henan Broadcasting System မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
“အတိတ်နေ့ရက်များဆီ”
“အတိတ်နေ့ရက်များဆီ” အကသည် ယန်စီမြစ်(Yangtze)တောင်ပိုင်း ရေပေါ်ဒေသမှ ချီဖောင်ဝတ်စုံ (Qipao) ဆင်မြန်းထားသော မိန်းမပျိုလေးများက တရုတ်ရိုးရာ မီးထွန်းပွဲတော် (Yuan Xiao) ညခင်းအချိန်တွင် မီးပုံးကိုင်ဆွဲကာ တံတားပေါ်မှ ဖြတ်လျှောက်ခြင်းဖြင့် ရောဂါခပ်သိမ်း ကင်းဝေးစေခြင်းသဘောဆောင်သည့် ရိုးရာဓလေ့အား သရုပ်ဖော်ဟန်ကို တင်ဆက်ထားခြင်း ဖြစ်သည်။ ယန်စီမြစ်တောင်ပိုင်းမှ နူးညံ့သိမ်မွေ့သော ဒေသခံမိန်းမပျိုလေးများသည် မီးပုံးကိုယ်စီဖြင့် မိမိစိတ်ကူးထဲမှ လှပကောင်းမွန်သော အနာဂတ်အတွေးပုံရိပ်များအား အလင်းပေး၍ ပုံဖော်ခဲ့ကြပါသည်။