မြန်မာ-တရုတ်အဆိုတော်များ၏ ပူးပေါင်းတင်ဆက်မှု - ပေါက်ဖော်သံယောဇဉ်အား ဖော်ကျူးမည့် “တို့ခေါ်လိုက်ပေါက်ဖော်” တေးသီချင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-15 15:57:28


ဗီဒီယိုကို မြန်မာနိုင်ငံ ရွှေဇာမဏီတရုတ်သတင်းဂျာနယ်တိုက်မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



လွန်ခဲ့သည့် (၆၁) နှစ်အချိန်က မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးနုသည် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး သက်သေထူခြင်းသဘောဖြင့် အရှည် (၈၇) စင်တီမီတာ၊ အမြင့် (၉၁.၅) စင်တီမီတာရှိသော ဇာမဏီငှက်ခေါင်းသဏ္ဌာန် ခုံးဟိုစောင်းကောက် ဂီတတူရိယာကို လက်ဆောင်ပဏ္ဏာအဖြစ် တရုတ်နိုင်ငံအား ပေးအပ်ခဲ့ပါသည်။ ယခုအခါတွင် ထိုမြန်မာ-တရုတ် ချစ်ကြည်ရေးသဘောဆောင် ဂီတတူရိယာဖြင့် သာယာငြိမ့်ညောင်းသော စောင်းသံစဉ်များကို တစ်ဖန်ပြန်လည် တီးခတ်ပြီး သမိုင်းကြောင်းရှည်ကြာသည့် မြန်မာ-တရုတ် ချစ်ကြည်ရေးကို အတူတကွ ပူးပေါင်း ဖော်ကျူးသီဆိုခဲ့ကြပါသည်။


WeChat Image_20220715134942.png


မြန်မာအဆိုတော် လျန်ယွိဟွာ (Liang Yuhua) နှင့် တရုတ်အဆိုတော် Zhaxi Dunzhu တို့ သီဆို၍ တရုတ်နိုင်ငံမှ ခုံးဟိုစောင်းကောက်(Konghou)ပညာရှင် လူလု (Lu Lu) ဖျော်ဖြေတင်ဆက်ထားသည့် “တို့ခေါ်လိုက်ပေါက်ဖော်” တေးသီချင်းကို လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ (၇)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမတိုင်မီ အကြိုနေ့၌ မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပပြုလုပ်သော ချူအင်လိုင်းတန်ဆောင်း ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနား၌ ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသခဲ့ပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ဆွေမျိုးပေါက်ဖော်ကောင်းများအဖြစ် ထာဝရ လက်တွဲနေထိုင်လိုသည့် နှစ်နိုင်ငံပြည်သူတို့၏ ဘုံသဘောဆန္ဒကို ဖော်ကျူးထားပါသည်။


WeChat Image_20220715134945.png


ဤသီချင်းကို CICG Center for Asia and Pacific မှ စီစဉ်ထုတ်လုပ်ပြီး မြန်မာနိုင်ငံတွင် သီဆိုအသံသွင်းမှုအပိုင်းကို မြန်မာနိုင်ငံ ရွှေဇာမဏီဂျာနယ်တိုက်မှ ပံ့ပိုးကူညီထားပါသည်။