လေ့လာဖွေရှာ ရှေးဓလေ့ရိုးရာ၊ မြင်တွေ့မှတ်သား ဒြပ်မဲ့ယဉ်ကျေးမှုများ “လက်မှုပညာရှင်နှလုံးသား” တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကဏ္ဍတွဲ ဗီဒီယိုအတို - လင်ဇီးမှိုစိုက်ပျိုးခြင်းနည်းပညာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-13 13:33:06


WeChat Image_20220629100017.jpg


တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖန်တီးမှုလမ်းစဉ်တစ်ခုလုံးသည် ဂုဏ်ရောင်ထွန်းပြောင်သော တရုတ်ရိုးရာယဉ်ကျေးမှုသမိုင်း၏ တိုးတက်မှုလမ်းစဉ်နှင့် ယှဉ်တွဲဆက်စပ်လျက်ရှိပြီး လူ့ယဉ်ကျေးမှုတိုးတက်မှုအခြေအနေ၊ လူသားတို့၏ တွေးခေါ်မှုနှင့် လက်တွေ့လုပ်ဆောင်မှုအပိုင်းများ၌ ဉာဏ်ပညာထက်မြက်မှုအဆင့်အတန်းတို့ကို ထင်ဟပ်ဖော်ဆောင်နေပါသည်။ တရုတ်ရိုးရာယဉ်ကျေးမှု၏ တိုးတက်မှုလမ်းစဉ်တွင် ၎င်းဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့အတွက် မှီတင်းနေထိုင်ရာ၊ စိတ်အားထက်သန်မှုဖြစ်တည်ရာ အရိပ်အမြုံကို တည်ဆောက်ဖန်တီးပေးပါသည်။



လင်ဇီးမှိုစိုက်ပျိုးခြင်းနည်းပညာ


လုံချွမ်ဒေသ(Longquan)၏ ကောင်းမွန်သော ရာသီဥတုနှင့် မြေဆီလွှာအနေအထားသည် လင်ဇီးမှိုများ ရှင်သန်ကြီးပြင်းရန်အတွက် အထူးသင့်လျော်သောကြောင့် ၎င်းဒေသကို ပထမတန်းစား တရုတ်လင်ဇီးမှိုဌာနေဟူ၍ပင် တင်စားခေါ်ဝေါ်ကြသည်။ လုံချွမ်လင်ဇီးမှိုစိုက်ပျိုးခြင်းနည်းပညာသည် ထူးခြားပြီး စီမံခန့်ခွဲမှုသတ်မှတ်ချက်များ တင်းကျပ်သည်။ အပင်မျိုးစေ့ရွေးချယ်ခြင်းမှစ၍ လင်ဇီးမှိုမျိုးမှုန်စစ်ယူသိမ်းဆည်းခြင်းတို့အထိ အဆင့်တိုင်းကို အထူးဂရုပြုရသည်။ ထို့ကြောင့် ဤဒေသမှ စိုက်ပျိုးရရှိလာသော လင်ဇီးမှိုများသည် အပွင့်လှခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ သိပ်သည်းဆကြီးမားခြင်း၊ အရောင်အသွေးလှပခြင်း၊ ထရိုင်တာပင်း (Triterpenes) နှင့် ပေါ်လီဆက်ခရိုက် (Polysaccharides) ပါဝင်မှုပမာဏ အချိုးအစားများပြားခြင်း စသည့် ထူးခြားချက်များရှိသည်။


WeChat Image_20220713100233.png


လုံချွမ်‌ဒေသသည် အမွေဆက်ခံ ထိန်းသိမ်းလာခဲ့သော ရှေးရိုးနည်းပညာဖြင့် အရည်အသွေး မြင့်မားသော လင်ဇီးမှိုများကို စိုက်ပျိုးကာ ရှေးအဆိုများကိုလည်း ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ပြန့်ပွားစေခဲ့ပါသည်။