လေ့လာဖွေရှာ ရှေးဓလေ့ရိုးရာ၊ မြင်တွေ့မှတ်သား ဒြပ်မဲ့ယဉ်ကျေးမှုများ “လက်မှုပညာရှင်နှလုံးသား” တရုတ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကဏ္ဍတွဲ ဗီဒီယိုအတို - ဓားရှည်သွန်းလုပ်ခြင်းအတတ်ပညာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-29 11:39:13


WeChat Image_20220629100017.jpg


တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖန်တီးမှုလမ်းစဉ်တစ်ခုလုံးသည် ဂုဏ်ရောင်ထွန်းပြောင်သော တရုတ်ရိုးရာယဉ်ကျေးမှုသမိုင်း၏ တိုးတက်မှုလမ်းစဉ်နှင့် ယှဉ်တွဲဆက်စပ်လျက်ရှိပြီး လူ့ယဉ်ကျေးမှုတိုးတက်မှုအခြေအနေ၊ လူသားတို့၏ တွေးခေါ်မှုနှင့် လက်တွေ့လုပ်ဆောင်မှုအပိုင်းများ၌ ဉာဏ်ပညာထက်မြက်မှုအဆင့်အတန်းတို့ကို ထင်ဟပ်ဖော်ဆောင်နေပါသည်။ တရုတ်ရိုးရာယဉ်ကျေးမှု၏ တိုးတက်မှုလမ်းစဉ်တွင် ၎င်းဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့အတွက် မှီတင်းနေထိုင်ရာ၊ စိတ်အားထက်သန်မှုဖြစ်တည်ရာ အရိပ်အမြုံကို တည်ဆောက်ဖန်တီးပေးပါသည်။



ဓားရှည်သွန်းလုပ်ခြင်းအတတ်ပညာ (ပထမပိုင်း)


လုံချွမ်ဓားရှည် (Longquan Sword) သည် ချွန်းချိုးခေတ်နှောင်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့ပြီး ယနေ့ထိတိုင် နှစ်ပေါင်း (၂၆၀၀)ကျော် သမိုင်းရှိပြီဖြစ်သည်။ လုံချွမ်ဓားရှည်သွန်းလုပ်ခြင်း ရိုးရာအတတ်ပညာသည် အသုံးပြုသည့် ကုန်ကြမ်းများကို အထူးဂရုပြုရပြီး လက်ရာထူးခြား၍ ထင်ရှားသည့် ဒေသထူးခြားချက်များ ပါရှိသည်။ လုံချွမ်ဓားရှည်တွင် ပြုလုပ်ပုံအဆင့်ပေါင်း (၈၀)ကျော် ရှိပြီး အဓိကအရေးအကြီးဆုံးမှာ ပုံသွင်းထုရိုက်ခြင်းဖြစ်သည်။ ကြိမ်ဖန်များစွာ ထပ်တလဲလဲ ကွေးခေါက်၍ ထုရိုက်ပြီး သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ စသည့် တရုတ်အတွေးအခေါ်ပိုင်းဆိုင်ရာ သဘာဝတရား၏ ဓာတ်ကြီးငါးပါးတို့ အဖန်ဖန် အခါခါ ပေါင်းစပ်မှုတို့ကြောင့် လုံချွမ်ဓားရှည်သည် ဓားသွားချွန်ထက်ခြင်း၊ ဟိတ်ဟန်ပြည့်ဝခြင်း၊ ပျော့ပျောင်းနူးညံ့မှုနှင့် မာကျောခက်ထန်မှု ဂုဏ်သတ္တိနှစ်မျိုးလုံး ပါရှိခြင်း၊ ကနုတ်ပန်းများသပ်ရပ်လှပခြင်း စသည့် ထူးခြားချက်များနှင့် ပြည့်စုံပါသည်။ ၂၀၀၆ ခုနှစ်တွင် လုံချွမ်ဓားရှည်သွန်းလုပ်ခြင်းအတတ်ပညာကို “ပထမအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးစာရင်း” တွင် ထည့်သွင်းသတ်မှတ်ခဲ့ပါသည်။



ဓားရှည်သွန်းလုပ်ခြင်းအတတ်ပညာ (ဒုတိယပိုင်း)


WeChat Image_20220629100032.jpg

WeChat Image_20220629100034.jpg