၂၀၂၂ ခုနှစ် တရုတ်ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များဆိုင်ရာနေ့ - “ပေကျင်းဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ်”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ပေကျင်းသည် မြို့တည်သမိုင်းသက်တမ်း နှစ်ပေါင်း (၃၀၀၀)ကျော်နှင့် မြို့တော်တည်သမိုင်းသက်တမ်း နှစ်ပေါင်း (၈၀၀)ကျော် ရှိပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ များပြားကြွယ်ဝလှပါသည်။ ဗီဒီယိုတွင် ပေကျင်း၌ နေထိုင်လာခဲ့သည်မှာ (၁၁)နှစ်ကြာပြီဖြစ်သည့် ခရီးသွားကျွမ်းကျင်သူ Bora က ကျွန်ုပ်တို့အား နံနက်ခင်း တိထန်ပန်းခြံ(Ditan)တွင် ထိုက်ကျီသိုင်းလေ့ကျင့်ခြင်းမှ စတင်ပြီး ထိုက်ကျီသိုင်းတွင် ပါဝင်ဖွဲ့စည်းထားသော Yin နှင့် Yang (သဘာဝတရား၏ ဆန့်ကျင်ဘက်သဘောတရား) အလှည့်အပြောင်း၊ “မိုးကောင်းကင်နှင့်လူသား တစ်သားတည်းသား” ဟူသည့် တရုတ်ရိုးရာ သဘောထား အတွေးအမြင်များကို ခံစားသိရှိစေမည် ဖြစ်ပါသည်။
ထိုက်ကျီသိုင်း
ထုံရန်ထန် (Tongrentang) သို့ သွားရောက်၍ တရုတ်တိုင်းရင်းဆေးပညာ၏ ကျန်းမာရေးထိန်းသိမ်းမှုဆိုင်ရာ ဗဟုသုတများကို လေ့လာပြီး တရုတ်တိုင်းရင်းဆေးကုထုံးများကို သိရှိစေမည် ဖြစ်ပါသည်။
တရုတ်တိုင်းရင်းဆေးပညာ
ပေကျင်း “ဟူထုံ့” (Hutong) ခေါ် ရှေးဟောင်းလမ်းကြားသို့ သွားရောက်ပြီး ဂျုံရုပ်ပညာရှင်ကြီးနှင့် တွေ့ဆုံကာ တရုတ်ရိုးရာ အနုပညာတစ်ရပ်ဖြစ်သည့် စွဲမက်ဖွယ်ရာ ဂျုံရုပ်လုပ်ခြင်းအတတ်ပညာကို မြင်တွေ့ခံစားစေမည် ဖြစ်ပါသည်။
ဂျုံရုပ်လုပ်ခြင်းအတတ်ပညာ
ပေကျင်းကြွေရည်စက်ရုံ (Beijing Enamel Factory) သို့ သွားရောက်၍ ပြိုင်စံရှား လှရက်လွန်းသည့် နန်းတွင်းအတတ်ပညာဖြစ်သော ကျင်ထိုက်လမ် (Jingtailan) ခေါ် ကြွေကပ်ကြေးထည် ပြုလုပ်နည်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို လေ့လာသွားမည် ဖြစ်သည်။ ကျင်ထိုက်လမ် (Jingtailan) ခေါ် ကြွေကပ်ကြေးထည် ပြုလုပ်ခြင်းအတတ်ပညာသည် ကြေးညိုနှင့် ကြွေထည်ပညာတို့၏ ရှေးရိုးနည်းလမ်းကို အသုံးပြုထားသည့်အပြင် ရိုးရာပန်းချီပညာနှင့် ပန်းပုပညာတို့ကိုလည်း ယူထား၍ တရုတ်ရိုးရာ အတတ်ပညာများ ပေါင်းစည်းခြင်း၏ အောင်မြင်မှုကြီးတစ်ခုဟု ခေါ်ဆိုထိုက်ပေသည်။
ကျင်ထိုက်လမ် (Jingtailan) ခေါ် ကြွေကပ်ကြေးထည်အတတ်ပညာ