၂၀၂၂ ခုနှစ် တရုတ်ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များဆိုင်ရာနေ့ - ကန်းစုပြည်နယ်၏ အမှတ်တရများ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-16 17:03:17


WeChat Image_20220611131637.jpg


ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များသည် လူသားမျိုးနွယ်တို့၏ အဖိုးတန်ရတနာများပင်ဖြစ်ပြီး လူ့ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ယဉ်ကျေးမှုများ အပြန်အလှန် လေ့လာသင်ယူခြင်းတို့ကို ပိုမိုမြှင့်တင်ပေးသည့် အရေးပါသော ကြားခံတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာ၊ ကန်းစုပြည်နယ်(Gansu) ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ “ကန်းစုပြည်နယ်၏ အမှတ်တရများ” ဗီဒီယိုအတိုကို တင်ဆက်ကာ ကန်းစုပြည်နယ်(Gansu)၏ တစ်မူထူးခြားသည့် ဆွဲဆောင်မှုအလှတရားများကို ကမ္ဘာကြီးအား တင်ဆက်ပြသသွားမည်ဖြစ်သည်။



ကန်းစုပြည်နယ်၏ အမှတ်တရများ


ကန်းစုပြည်နယ်(Gansu) သည် တရုတ်လူမျိုးနှင့် တရုတ်ယဉ်ကျေးမှုများ၏ အရေးပါသော အစပြုရာနေရာဖြစ်ပြီး ရှေးဟောင်းပိုးလမ်းမကြီးသည် ကန်းစုပြည်နယ်(Gansu) အတွင်းတွင် ကီလိုမီတာ (၁၆၀၀)ကျော်အရှည် ဖြတ်သန်းသွားလာမှု ရှိသည်။ ကန်းစုပြည်နယ်(Gansu)တွင် သဘာဝဂေဟစနစ်အသွင် များပြားစုံလင်ပြီး တစ်မူထူးခြားသော ဘူမိရုပ်သွင်များ ပိုင်ဆိုင်ကာ ယနေ့လက်ရှိတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာ (၇)နေရာ ရှိပါသည်။ ကျန်းယေ့တန်းရှာ(Zhangye Danxia) အမည်ရှိ ရောင်စုံသဘာဝမြေမျက်နှာသွင်ပြင်၊ မြစ်ဝါမြစ် ကျောက်သစ်တော၊ တွန်းဟွမ်မြို့(Dunhuang)ရှိ ရွယ့်ရာကန်(Yueya) အစရှိသော ကမ္ဘာ့အဆင့်ရှိ သဘာဝထူးခြားအံ့ဖွယ်ရာများသည် တရုတ်ပြည်တွင်း၌သာမက ကမ္ဘာတစ်ဝှမ်းတွင်လည်း ထင်ရှားကျော်ကြားလှပေသည်။



“ကန်းစုပြည်နယ်၏ အမှတ်တရများ” ဗီဒီယိုတွင် တိဗက်ရိုးရာ လင်းယုန်တောင်ပံရိုးပလွေ တီးမှုတ်မှုပညာ၊ “ပန်းပွင့်လေးများ” တေးဂီတပွဲ၊ နဂါးခေါင်းပုံစံမယ်ဒလင် တီးခတ်သီဆိုခြင်း၊ တွန်းဟွမ်(Dunhuang) ဒေသရိုးရာ အကတေးဂီတ၊ တိဗက်ရိုးရာဝိုင်းပတ်အက၊ Kongtong ဝူရှူး၊ ကန်းနန်ဒေသ(Gannan) တိဗက်ရှေးကျေးလက်ရိုးရာ တေးသီချင်း၊ “သောတိ”အက ခေါ် တိဗက်ဒေသခံအက၊ တိုင်းရင်းသားရိုးရာဝတ်စုံ၊ သားရေရုပ်သေးပြဇာတ်၊ စက္ကူအလှညှပ်ပညာ အစရှိသည့် အသွင်စုံလင် များပြားကြွယ်ဝသော ရိုးရာယဉ်ကျေးမှုများကို တင်ဆက်ထားခြင်းမှတစ်ဆင့် ဤဒေသရှိ ယနေ့ထက်ထိတိုင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုများကို ဖော်ထုတ်ပြသထားပါသည်။


WeChat Image_20220611131731.jpg