၂၀၂၂ ခုနှစ် တရုတ်ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များဆိုင်ရာနေ့ - ဆန်းရှီးပြည်နယ်၏ ရှေးဟောင်းတရုတ်ယဉ်ကျေးမှုနှင့် သာယာလှပသော သဘာဝရှုမျှော်ခင်း
ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များသည် လူသားမျိုးနွယ်တို့၏ အဖိုးတန်ရတနာများပင်ဖြစ်ပြီး လူ့ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ယဉ်ကျေးမှုများ အပြန်အလှန် လေ့လာသင်ယူခြင်းတို့ကို ပိုမိုမြှင့်တင်ပေးသည့် အရေးပါသော ကြားခံတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာနှင့် ဆန်းရှီးပြည်နယ်(Shanxi) ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ “ဆန်းရှီးပြည်နယ်၏ ရှေးဟောင်းတရုတ်ယဉ်ကျေးမှုနှင့် သာယာလှပသော သဘာဝရှုမျှော်ခင်း” ဗီဒီယိုအတိုကို တင်ဆက်ကာ ဆန်းရှီးပြည်နယ်(Shanxi)ရှိ သဘာဝရှုမျှော်ခင်းများ၏ တစ်မူထူးခြားသည့် ဆွဲဆောင်မှုအလှတရားများကို ကမ္ဘာကြီးအား တင်ဆက်ပြသသွားမည်ဖြစ်သည်။
ဆန်းရှီးပြည်နယ်၏ ရှေးဟောင်းတရုတ်ယဉ်ကျေးမှုနှင့် သာယာလှပသော သဘာဝရှုမျှော်ခင်း
ဆန်းရှီးပြည်နယ်(Shanxi)သည် မြစ်ဝါမြစ်၏ မြစ်အလယ်ပိုင်းတွင် တည်ရှိပြီး တရုတ်ယဉ်ကျေးမှုများ အစပြုရာနေရာများအနက် တစ်နေရာဖြစ်သည်။ ရှည်ကြာသော သမိုင်းကြောင်းများကြောင့် ဤဒေသတွင် ယဉ်ကျေးမှုအုတ်မြစ် အခိုင်အမာ ဖြစ်တည်ခဲ့ပြီး သမိုင်းဝင်အမွေအနှစ်များစွာ ကျန်ရစ်ခဲ့ပါသည်။ ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်နှင့် တောတောင်မြစ်ချောင်းများမှ ဖြစ်တည်လာသည့် သဘာဝရှုမျှော်ခင်းများသည် ဆန်းရှီးပြည်နယ်(Shanxi)၏ ခရီးသွားအရင်းအမြစ်ကို အလွန်ပင် ပေါများကြွယ်ဝစေပါသည်။
ဆန်းရှီးပြည်နယ်(Shanxi)သို့ လာရောက်၍ ရှေးဟောင်းယဉ်ကျေးမှုများကို တွေ့ကြုံခံစားပြီး သာယာလှပသော သဘာဝရှုမျှော်ခင်းများကို မြင်တွေ့ခံစားရန်အတွက် အားလုံးကို ဖိတ်ခေါ်ပါရစေ။